Uni
____
-ကြယ်လေးတွေကငိုနေတယ်အကို-
————————————
" ဟယ်လိုအကို "
နေမြင့်ထိ အိပ်ဖို့ လုပ်နေတဲ့ ဝမ်ရိပေါ်အား
တတီတီမြည်နေတဲ့ ဖုန်းက နိုးနေသည်။
ချစ်ရသူဆီကမို့ ညီးညူခြင်းမရှိတဲ့ ဝမ်ရိပေါ်က
အိပ်ချင်မူးတူးနဲ့ ပြုံးပြီးမှ ဟယ်လိုဆိုသော
စကားကို ဆို၏" မင်ဟန် ပြောက်သွားပြီ!"
"ဟင်!"
"ဟုတ်တယ်အိမ်က ထွက်သွားတာတဲ့ဘယ်မှာမှလည်းရှာလို့ မတွေ့ဘူး "
ဝမ်ရိပေါ် အပြုံးနုနုတွေ ပြောက်သွား၏
စိတ်ရှုပ်စွာ ဖွာလန်နေတဲ့ ဆံသားတွေကို
ထိုးဖွပြီး အဖြေပေးဖို့ မည်သည့် စကား
ဆိုရမည်မှန်းပင် မသိတော့
မင်ဟန်ဟာ ဘာလို့များ အမြဲ အကို့ကို
အကျပ်ရိုက်အောင်လုပ်နေသလဲ
ရိပေါ် မတွေးတောတတ်တော့"ကျွန်တော် ကူရှာပေးပါ့မယ်အကို "
" ကျေးဇူးနော်ရိပေါ်လေး "
"ရပါတယ်အကို "
မျက်နှာသစ်ပြီး မနက်စာမစားနိုင်
ရိပေါ် မင်ဟန့်အား ဖုန်းခေါ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ဝင်သွားပေမယ့် တစ်ခါလေးတောင် မကိုင် မင်ဟန့်အိမ်ကလည်းရိပေါ်အိမ်ထင်လို့တဲ့ သူတို့သားက ညသန်းခေါင်လောက်က
ပြောက်သွားတာ ရိပေါ်အိမ်မှာလည်းရှိမနေမင်ဟန် သွားတတ်တဲ့ နေရာတွေ ဝမ်ရိပေါ်
ရှာပုံတော် ဖွင့်ရတော့သည်။
သူ့ချစ်ရသူလေးက စိတ်ပူနေသည်လေ
ဝမ်ရိပေါ် အတွေးပေါင်းစုံနဲ့ ဆိုင်ကယ်ဦးထုပ်
ဆောင်းနေချိန် အကို့ ဆိုင်ကယ်က အိမ်ပေါက်
ရောက်ချလာသည်။" ရိပေါ်လေး သူသွားတတ်တဲ့နေရာတွေ သိလားဟင်"
" အင်း ကျွန်တော်သိတယ် "
"လာအကိုနဲ့တူတူရှာရအောင်"
ရိပေါ် အငြင်းစကားမဆိုမိ အကို့ ဆိုင်ကယ်
နောက် ငြိမ်သက်စွာ ထိုင်လိုက်သွား၏
မင်ဟန်သည် အကို့ ချစ်သူဖြစ်ကြောင်း
ရိပေါ်မေ့ထားသည်အား မင်ဟန်ဟာ
မလိုချင်ပုံ
ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါသည်လေ
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...