-Good bye Xiao Zhan-

1.1K 82 15
                                        

Uni

________

-Good bye Xiao zhan-

" ရိပေါ် ဒီမှာ နင်ရှာခိုင်းတဲ့ပန်းတွေ"

နှုတ်ဆက်ရတော့မယ်ထင်ထားခဲ့ပေမယ့်
ဝမ်ရိပေါ်ဟာ သူ့အနားမှာပဲ အမြဲရှိနေခဲ့သည်။
ချူးရှိုးယဲ့လက်ထဲက spider Lily အနီရောင်တွေကိုလှမ်းယူရင်းပြုံးပြလာတဲ့
ဝမ်ရိပေါ်ဟာ သူပိုင်ဆိုင်ခွင့်မရှိတဲ့
အိမ်မက်လှလှလေး တစ်ခု

မက်ခွင့်ရှိပြီး လက်တွေ့ပုံဖော်ခွင့်
မရှိခဲ့ပေမယ့် ဒီအိမ်မက်တွေကို
ငါမက်မောနေတုန်းပဲရိပေါ်
နင့်အနားမှာ နင့်အလိုတွေဖြည့်ပြီး
ပိုင်ဆိုင်မရတဲ့ဘဝကို လည်း
မြတ်နိုးရပါတယ်။

" အဲ့ပန်းတွေက နိမိတ်မကောင်းဘူးလေ
ရိပေါ်"

" ငါ အကို့ကို ပေးချင်လို့ ထာဝရ
နှုတ်ဆက်ခြင်းလေ အားချူး
ဒီနေ့ကစပြီး ငါ့ဘဝထဲမှာ ငါချစ်ခဲ့ဖူးတဲ့
အကိုဆိုတာ သေသွားပြီ"

"ရိပေါ် အဆင်ပြေရဲ့လား"

" ပြေတယ်အပြေဆုံးပဲ .."

သံသယ ဝင်လောက်စရာမရှိသော
အပြုံးလှလှလေးများကို ဆင်မြန်းထား၏
အကိုနဲ့အဆက်အသွယ်ပြတ်ခဲ့တာ တစ်လပင်
ရှိပြီ ဒီနေ့ သူတို့ ဒီနိုင်ငံမှာရှိနေတာ
နောက်ဆုံးနေ့ ဖြစ်သည်။
မင်ဟန်ကတော့ အခြေအနေပိုဆိုးလာလို့
ဆေးရုံက မဆင်းရသေးဘူးဟု ကြားသည်။

အကိုဟာရိပေါ်အပေါ့် ဘယ်လောက်ထိတောင်
ရက်စက်လည်းဆိုရင်လေ ဒီတစ်လလုံး
တောင်းပန်ပါတယ်ဆိုတဲ့စကားလေး
တစ်ခွန်းတောင် လာမပို့ခဲ့ဘူး
ညီလေးလိုတဲ့ အမှန်တကယ်ကိုပဲ
ရယ်စရာကောင်းခဲ့ပါတယ်
ညီအစ်ကိုတွေ နမ်းလို့ရလား ကျွန်တော်
အကို့ကို မေးပစ်လိုက်ချင်လိုက်တာ
ဘယ်ညီကိုကများ အကိုကျွန်တော့်အပေါ်
ဆက်ဆံသလိုဆက်ဆံကြလည်း

" လိုက်ခဲ့ပေးရအုံးမလား"

"ရတယ်အားချူး ညနေကြမှ လေဆိပ်မှာ
တွေ့ကြမယ်လေ"

" ဟုတ်ပြီရိပေါ် စိတ်မပြောင်းနဲ့နော်"

" ငါ့အချစ်တွေကို ငါကိုယ်တိုင်သတ်ခဲ့ပြီးပါပြီ"

If we have second chance!Where stories live. Discover now