Uni
_______
-လွင့်ပြယ်သွားသောနွေဦးကဗျာ-
Now I don't need your wings to fly~
ချစ်ရသူလက်ကို ကိုင်ထားရရင်
အသက်မရှုနေလည်း အသက်ရှိနေပါတယ်တဲ့
ဝမ်ရိပေါ်က ချစ်သူလက်ကို ကိုင်ထားခဲ့ရက်နဲ့
အသက်ရှုနေသော်လည်း
သေဆုံးသွားရသွားသလို
သုံးနှစ်~ သုံးနှစ်ဆိုတဲ့အချိန်ဟာ ဒဏ်ရာတွေကို ကုစားနိုင်မယ်လို့ မထင်ပါဘူး
ဒါပေမယ့် အဆင်ပြေသွားမယ်လို့
ရူးမိုက်စွာတွေးခဲ့ဖူးသည်။
အဲ့ဒီလူနဲ့တူတဲ့အရိပ်ကလေးတွေ့ရင်တောင်
ယောက်ယက်ခတ်သွားရတဲ့အထိ သူ့နှလုံးသား
လေးဟာပြင်းထန်စွာ လှုပ်ခတ်နေဆဲ
အချစ်ဦးမို့ထင်တယ်နော် အကို~
" ဟေးရိပေါ်တကယ် ခနတောင်မပြန်ချင်ဘူးလား"
"သေချာတယ်ရှိုးယဲ့ "
တရုတ်ကို ပြန်တော့မယ့် ချူးရှိုးယဲ့နဲ့
နှုတ်ဆက်ပြီးနောက် ဝမ်ရိပေါ်ဟာ
ပြန်လိုက်သွားဖို့ တစ်ချက်လေးတောင်
မတွေဝေခဲ့ဘူး အမှတ်တရဆိုတာမျိုးက
ဟောင်းနွမ်းသွားတတ်တယ်ဆိုတာမရှိပါဘူး
အကို့အတွက်ဘယ်လိုမျိုးလည်း မသိပေမယ့်
ကျွန်တော့်အတွက် အမြဲတမ်းအသစ်ဖြစ်နေ
မယ့် ခံစားချက်မျိုးလေ သိတယ်မလား
သူ့ဖုန်းထဲမှာ အကို့ဖုန်းနံပါတ် မရှိတော့တာကြာပြီ အကိုနဲ့ပတ်သတ်သမျှသူ့ဆီမှာ ပြောက်ဆုံး
ခဲ့တာကြာပြီ ဒါပေမယ့် နှလုံးသားထဲက ဖျောက်
ပစ်လိုက်ဖို့ဘာလို့ခက်ရလည်း ဝမ်ရိပေါ်
နားလည်နိုင်စွမ်း မရှိခဲ့ပါ။
အများကြီးချစ်ခဲ့ပြီး ပြန်လည်သက်ရောက်မှု
ရောင်ပြန်မဟပ်ခဲ့တာတောင်မုန်းမရခဲ့ဘူး
မုန်းတယ်ဆိုတာ အကိုဆိုနေကြညီလေးလို
ဆိုတဲ့မုသားမျိုးတွေလိုပါ
*လူတစ်ယောက်ပျော်ဖို့ လူတစ်ယောက်ပဲလိုတာတဲ့*
*ဟုတ်မယ်ထင်တယ်အကို*
*ကိုယ့်အတွက်အဲ့တာရိပေါ်လေးလေ *
အကိုပြောခဲ့ဖူးသော စကားချိူချိုလေးများ
ဟာ အခုတော့ နားထဲသံရည်ပူများ
လောင်းချနေခဲ့သလို
သူပြန်မလာတော့မယ့်နေရာကနေ စောင့်မနေပဲ
သူ့ဆီကို အကိုရောက်လာတာမျိုးဆိုရင်ရော
သေချာတာကတော့ ဝမ်ရိပေါ် အကိုနဲ့
ဝေးရာ နောက်ထပ်နောက်ထပ် ဝေးရာကို
ပြေးမိလိမ့်မည်ဖြစ်သည်။
YOU ARE READING
If we have second chance!
Фанфикшн-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...
