Uni
-မှိန်ပြပြကြိုးနီနီ-
လူခြေတိတ်နေတဲ့လမ်းမထက်က
ဖိနပ်သံ ခပ်သွက်သွက်နဲ့အတူ
လူတစ်ယောက် အသက်ရှုမတတ်
ပြေးလွှားနေ၏လေအေးတွေဟာ သူ့နှလုံးထဲကို
ဓားတစ်စင်းလိုထိုးဖောက်သွားကြ၏
စိတ်ပူပန်မှုကြောင့် လိုအပ်ထားတာထက်
ပိုပြီးမောပန်းနေပေမယ့် လက်ထဲက
စာအုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား
တာကလွဲရင် ရပ်တန့်ဖို့မတွေ့မိဘူး*သူစိတ်ဓာတ်ကျရင်ဖတ်ဖို့* တဲ့
စာအုပ်မျက်နှာဖုံးက ခေါင်းစဉ်ဟာ
သူ့နှလုံးသားကို ဘာလို့ များစွာနာကျင်
စေလည်း တွေးမရ ဝမ်ရိပေါ်က နောက်ဆုံး
အနေနဲ့ပေးသွားတာ မို့လို့လား
ချစ်ခြင်းမေတ္တာဟာ ပေါင်းစည်းဖို့
အ့လောက်တောင်ခက်ခဲရလား" ကိုယ်ရွေးပါ့မယ် ကိုယ်လာပါ့မယ်"
ပါးစပ်က တတွတ်တွတ်ရွတ်ရင်း
သူဦးတည်ရာက ဝမ်ရိပေါ်ရှိရာ
ဝမ်ရိပေါ် မချစ်တော့ရင်လို့
စိတ်တောင်မကူးရဲ နှလုံးသားထဲက
အပူမီးကိုဘယ်အရာကမှ
မငြိမ်း သတ်နိုင်ဘူးဝမ်ငယ်ရယ်
ချစ်ခြင်းမေတ္တာဟာ ပူလောင်သလောက်
မင်းလက်ကလေးတွဲထားရတဲ့အခါ
အေးချမ်းပါတယ်ဝမ်ရိပေါ်က အိမ်ရောက်တာနဲ့
ရှောင်းကျန့်ကို အကုန်ဘလော့ထားသည်။
အိမ်ရှေ့မှာ ရပ်နေသော်လည်း
သူ့နှလုံးသားငယ်ထွက်လာအောင်
ဘယ်လို လုပ်ရမလည်း သူမသိသေး"ဟယ် သား ရှောင်း "
" ကြီးကြီး ရိပေါ်လေး ~ရိပေါ်လေးရှိလားဟင်"
တုန်ရီမောဟိုက်စွာ ပြောလိုက်တဲ့
ရှောင်းကျန့်စကားကို ကြီးကြီးဟာ ခေါင်း
ငြိမ့်ပြ၏ ။ ကလေးနှစ်ယောက်ကြားက
သံယောဇဉ်ကို ရိပ်မိသဖြင့် သနားငဲ့ညာမိသည်။
ရိပေါ်လေး ဟာ အမြဲတမှိုင်မှိုင်တထွေထွေ ဖြစ်
နေသည်အားကြီးကြီး တွေ့တိုင်းဝမ်းနည်းရ
သည်။"အထဲဝင်မလား သား"
"ရိပေါ်လေး အဖေရှိတယ်မလား ခနခေါ်ပေးပါနော် သား အပြင်မှာပဲစောင့်ပါ့မယ်"
"ဟုတ်ပြီကြီးကြီးခေါ်ပေးမယ်နော်"
ကြီးကြီးလှည့်ထွက်သွားတာနဲ့
ရှောင်းကျန့် အသက်ကိုတဝကြီးရှူပြီး
သက်ပြင်း ချမိသည်။ သောကတွေ
ရှိသမျှပါသွားပါစေဆိုတဲ့ဆန္ဒမျိုးနဲ့လေ
ဘဝမှာ ချစ်ခြင်းမေတ္တာရှိနေရုံနဲ့မပြည့်စုံ
ဘူးလေ ဒါပေမယ့် ချစ်ခြင်းမေတ္တာမပါတဲ့
ဘဝတစ်ခုကလည်း ပဲ့ကိုင်မပါတဲ့
လှေကလေးနဲ့တူတယ်မလား
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...