Uni
_____
-If we have second chance!-
နဘေးမှာအကိုရှိနေတယ်ဆိုတဲ့
အသိကြောင့်လား မသိပေမယ့်
ထူးဆန်းစွာပဲ ရိပေါ်အစောကြီး နိုး
နေခဲ့သည်။ နှစ်ခြိုက်စွာအိပ်မောကျ
နေသူကိုငေးရင်းက ညက အကို သူ့ကြောင့်
ငိုခဲ့ကြောင်းကို သတိရသွားသည်။" ကိုယ်မင်းကျေနပ်တဲ့အထိတောင်းပန်ပါတယ် ဘာပဲပေးဆပ်ရပေးဆပ်ရလေ"
" အကိုပြန်မလာတော့ရင်ပဲကျွန်တော်
ကျေနပ်ပြီလေ""ရိပေါ်လေးရာ .."
အကိုဟာ ဟန်မဆောင်နိုင်စွာပဲ သူ့ရှေ့မှာ
ဒူးထောက်ရင်း ငိုရှိုက်နေခဲ့သည်။
ကျွန်တော်သနားမိရင်ကျွန်တော့်ဘက်ကပဲ
နာကျင်ရမှာမဟုတ်ဘူးလား အကို
အကို ကျွန်တော့်ကို ပစ်ချထားခဲ့တဲ့အခါတိုင်း
ကျွန်တော်လည်း နာကျင်ရတယ်ဆိုတာကို
အကို မတွေးမိခဲ့ဘူးလားတင်းကျပ်စွာ ပွေ့ဖက်ထားသည်မှာ
ဝမ်ရိပေါ်ကပဲပြောက်သွားတော့မလိုဖြင့်
ဒီရင်ခွင်ကနွေးထွေးနေတုန်းပဲဆိုတာ သူသိပါတယ် အချိန်က ကုစားခဲ့ရင်တောင်
ဒဏ်ရာတွေကပြောက်သွားပါ့မလား
ကျွန်တော်ချစ်ခဲ့တာ ရှောင်းကျန့်ဆိုပေမယ့်
အဲ့ဒီရှောင်းကျန့်ဆိုတဲ့အကို့ကို သိပ်မုန်းတယ်
သိပ်မုန်းတယ်ပါတယ်ဒါပေမယ့်လည်း
အသဲထဲနင့်နေအောင်
ချစ်နေဆဲပါပဲ ကျွန်တော်မညာနိုင်ဘူးဘာခံစားချက်မှမရှိတော့ဘူးဆိုတဲ့စကားကို
နောက်ထပ်မထွက်ရက်လောက်အောင်
အကို့ကိုချစ်ပါတယ်
ပေါင်းစပ်ဖို့မဖြစ်နိုင်တဲ့ဖြစ်တည်မှုနှစ်ခုကို
ပေါင်းစပ်ရတာက နာကျင်မှုတွေပဲ
ကျန်ရစ်ရမှာမဟုတ်ဘူးလား" အကို့ကမ္ဘာမှာ ကျွန်တော့်အတွက် နေရာမရှိပါဘူး "
ဝမ်ရိပေါ့်စကားအဆုံးပွေ့ဖက်ထားသော
ရှောင်းကျန့်လက်များ ပို၍တင်းကျပ်လာခဲ့သည်။ မျက်ဝန်းတွေပွင့်မလာခဲ့သေးပေမယ့်
ဝမ်ရိပေါ်ဆံနွယ်ပြာပြာလေးများကို တိုးဝှေ့နမ်း
ရှိုက်လျက်ရှိသည် ။ အတိတ်က ကြည်နူးစရာ
နေ့ရက်တွေဆီပြန်ခေါ်ချင်နေတာ လားအကို
ဒါဆိုရင်တော့ကျွန်တော်တံခါးပိတ်လိုက်တာ
ကြာပါပြီ။ အကိုနဲ့ပတ်သတ်တဲ့အတိတ်ဆိုတာ
ဒီကမ္ဘာမှာ ကျွန်တော်အနာကျည်းဆုံး
အကြောင်းတရားတစ်ရပ်ပဲလေအကို
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...