Uni
_____
-တောင်းပန်ပါတယ်ရိပေါ်-
ဆေးနံ့တို့ပြင်းထန်စွာ ပျံ့နှံ့နေသော
အခန်းကျဉ်း လျှောက်လမ်းက
ပြေးလွှားနေသော လူနာရှင်များ
ဆရာများ ခြေသံတွေ ဆူညံ့နေသော်လည်း
တဒုန်းဒုန်း ထိုးတက်လာတဲ့ ဦးနှောက်ထဲက
သွေးကြောတွေ ရဲ့လှုပ်ရှားသံကိုသာ
ပြတ်သားစွာ အာရုံရောက်လျက်" အန်တီတို့ သားကိုတွေ့တော့လေ သားက
သွေးတွေအန်ထားပြီး သတိလုံးလုံးမှမရှိတော့ဘူး သားရှောင်းရယ် "လမ်းခွဲကြမယ်ဆိုတဲ့စာကို မပြန်တာက
သေသွားဖို့ရည်ရွယ်နေခဲ့တာလား မင်ဟန်..
ခုကြတော့လည်း သူမဟုတ်သလို
အောက်ဆီဂျင် ပိုက်တွေကြားမှာ
အိပ်စက်နေတာများအေးအေးလူလူနဲ့
မင်ဟန့် အချစ်ကမွှန်းကျပ်ရပြီး
အတ္တ ဆန်လွန်းလို့
တစ်ခါတစ်လေစိတ်ပေါက်စွာမေးပစ်ချင်တယ်
သေချင်ရင်အတူသေကြမလားမင်ဟန် လို့
ဒါဆိုရင်လည်းမင်ဟန်သာ သေချာပေါက်
ခေါင်းငြိမ့်ပါလိမ့်မည်။" မင်ဟန်လေးက မွေးကတည်းက အဆုတ်မှာ
အပေါက်ပါတာ သူက လေ မတည့်မှန်း
သိရက်နဲ့ "စကားပြောရင်းနဲ့မျက်ရည်တွေကျလာတဲ့
မိဘနှစ်ပါးကိုမင်ဟန် မသနားပေမယ့်
ရှောင်းကျန့်ကတော့ သနားတယ်
သူတို့ ကိုယ်သူတို့ထက် မင်ဟန့်ကို ပိုချစ်
ကြတဲ့လူတွေ မိဘဆိုတာက ဒါကိုမင်ဟန်က
တစ်ခုခုဆို သေလိုက်ဖို့ အမြဲတွေး၏
ရှောင်းကျန့်ကို အမြဲခြမ်းခြောက်ကာဆွဲထား
တတ်သည်က မင်ဟန်လုပ်တတ်သည့်
တစ်ခုတည်းသောအရာ" ကိုကို ကျွန်တော်တို့လမ်းမခွဲကြဘူးမလား"
ဒါက မင်ဟန် သတိရရလာခြင်းပထမဆုံး
ပြောတဲ့စကားတဲ့ မင်ဟန်ဟာ သန်မာတယ်လို့
ထင်ခဲ့ဖူးတာတွေဟာ အလကားပဲ ရိပေါ်
ပြတ်သားရဲသလောက်တောင်မင်ဟန်ဟာ
မည်သည့်သတ္တိမျှမရှိခဲ့ ရှောင်းကျန့်ကို
ခက်ခဲအောင်လုပ်ဖို့သက်သက်သာ မင်ဟန်
ရဲပါသည်။"ခနနေ ဝမ်ရိပေါ်လာမယ်တဲ့ မင်ဟန် မေမေတို့
အိမ်မှာလုပ်စရာလေးတွေ ပြန်လုပ်အုံးမယ်
သားရှောင်းလည်းရှိတယ်ရတယ်မလား
သားငယ်လေး မေမေပြန်လာမယ်နော်"
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...