ep-3 uni & zawgyi

1.9K 40 1
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

          💄အခန်း၃💄

'''ဗျာ......သူဋ္ဌေးတကယ်ပြောနေတာလားဟင်....´´

မင်းညို  အာဏာစကားကြောင့်
အံ့သြ
လွန်း၍ အသံတုန်တုန်ယင်ယင်
ဖြင့်ပြန်မေး
လိုက်မိသည်။သူ့ကိုစိတ်မရှည်
ဟန်ဖြင့်
အာဏာမျက်လုံးကိုဆွေကြည့်
လိုက်လေ၏။
မင်းညို ခေါင်းကိုဆတ်ခနဲညိတ်
ကာကား
ရှိရာလျှောက်လှမ်းလာသည့်
ခြေလှမ်းတို့က
တုန်ယင်နေမိလေတော့သည်။

အာဏာ ပေးလိုက်သည့်အမိန့်
က ထိုကလေး
ငယ်ကိုသူ့ရှေ့အရောက်ခေါ်
ဆောင်လာ
ဖို့ပဲဖြစ်လေသည်။အာဏာမျက်
ဝန်းထဲက
နာကြည်းမုန်းတီးရိပ်တွေကိုသူ
မြင်ရသ
လောက်တော့အလွန်ပြင်းထန်
တယ်ဆိုတာ
သူသိသည်။ထို့ကြောင့် ဘာမှ
မသိနားမလည်
သေးတဲ့ကလေးငယ်လေးကိုမြေ
စာပင်
မဖြစ်စေချင်သူ့စေတနာပင်ဖြစ်သည်။

သို့သော်လည်း သူ့လိုလူက
ဘာများ
တတ်နိုင်မှာမို့လို့လဲ။လက်ညိုးထိုး
ခိုင်းစေရာ
ကိုလုပ်ပေးရုံကလွဲလို့အခြားမရှိ။
ကားကို
(-)လမ်းသို့မောင်းခဲ့လုိက်ပြီး ပျဉ်
ထောင်အိမ်
လေးထဲသို့ခေါင်းပြူကြည့်လိုက်၏။

'''ဘယ်သူနဲ့တွေ့ချင်လို့လဲ....´´´

အနောက်ဘက်မှမေးလိုက်သည့်
စကားသံ
.ကြောင့်မင်းညိုလှည့်အကြည့် သူ့
အားငေးကြည့်
နေသည့်ကလေးငယ်လေးကိုတွေ့
လိုက်ရသည်။
မင်းညိုကလေးငယ်ကိုပြုံးပြလိုက်
ပြီး.....

'''အိမ်မှာလူကြီးတွေမရှိဘူးလားသမီးလေး....´´

'''ဟုတ်ကဲ့.....မေမေရှိရင်တော့မေမေကလူကြီးပေါ့...မေမေပြန်မလာသေးတော့သမီးကလူကြီးရော၊ကလေးရောပေါ့....´´´

'''အမ်....´´

မင်းညိုပါးစပ်အဟောင်းသား
ဖြစ်သွား
ရသည်။စကားပြောကာသွက်
လက်၍
အကြောက်အလန့်မရှိသည်က
လက်ဖျားခါ
လောက်သည်။ကိုယ်မသိတဲ့လူ
စိမ်းတစ်ယောက်
ကိုမြင်နေရပေမယ့်လူကြီးလေးလို
တည်ငြိမ်
စွာပြောဆိုပုံနဲ့မျက်ဝန်းတောက်
တောက်လေးက
ရဲဝံ့မှူကိုပြသနေလေတော့သည်။

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now