ep-19 uni & zawgyi

1K 14 0
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

💄အခန်း၁၉💄

'''ဒုန်း....ဝုန်း....ခလွမ်း.....'''

'''သွား...သွားစမ်း....အီးဟီး...ဟီး...'''

ခေတ္တရာ တစ်ယောက်တည်းမကျေနပ်ချက်တွေနဲ့စိတ်ရှိတိုင်း
သောင်းကျန်းနေမိသည်။သူမရဲ့မျှော်လင့်ချက်ကမဲ့ပြီ
ဆက်က တရားဝင်စေ့စပ်သွားပြီလေ။သူမကဘယ်လိုနည်းနဲ့
ဖျက်လို့ရတော့မလဲ။သူမပိုင်ဆိုင်ချင်သည်။ဆက်ကိုပိုင်ဆိုငိ
ခွင့်ရဖို့သာ သူမဘက်ကဒေါ်ရတနာဆက်အလိုကျနေနေ
ခဲ့ရသည်မဟုတ်လား။အခုကြတော့သူမကဘေးထွက်သွားရပြီ။

တစ်ခန်းလုံးပွစာကျဲနေသည့်အခန်းထဲသို့ဦးသုခဝင်လိုက်
သည်နှင့် ကုတင်ထက်မှုန်ကုတ်ကုတ်ထိုင်နေသည့်ခေတ္တရာကို
ကြည့်ကာအနားတွင်ဝင်ထိုင်လိုက်သည်။

'''ရာရာ.... ဘာဖြစ်နေလဲပြော...ဒယ်ဒီဘာလုပ်ပေးရမလဲ....'''

'''ဒယ်ဒီကဘာမဆိုလုပ်ပေးနိူင်လို့လား...ရာရာတကယ်လိုချင်တာမှန်သမျှ...'''

''''သမီးကမျက်စိရှေ့ရှူပ်တယ်လို့ပြောတဲ့အရာကလူဆိုရင်တောင်
ရှင်းပစ်ပေးမယ်....သူ့အသက်ကဒယ်ဒီသမီးလေးလောက်
တန်ဖိုးမကြီးဘူး..။သမီးကဒယ်ဒီရဲ့ရတနာလေးပဲ...'''

'''အဟင်းဟင်း...ရာရာ...အဲ့ဒါကြောင့်ဒယ်ဒီကိုပိုချစ်ရတာ...
ဒယ်ဒီ....အန်တီရတနာရဲ့သားကို ရာရာချစ်တယ်...
ရာရာနဲ့လက်ထပ်ပေးဖို့ဖေဖေတို့ပဲစီစဉ်ပေးထားတာလေ..
ရာရာ သူ့ကိုပိုင်ဆိုင်ချင်တယ်....ရာရာ့ကုိရာရာအလှဆုံးဖြစ်
အောင်ဘန်ကောက်ကိုသွားမယ်...ဒယ်ဒီကရာရာရဲ့ပိုင်ဆိုင်သင့်
တဲ့အချစ်ကိုပြန်ယူပေးပါနော်....နော်ဒယ်ဒီ...'''

'''ဒယ်ဒီသမီးလေးအလိုကျအတ်ိုင်းပါဗျာ....ကဲဒါဆိုဒယ်ဒီက
ရတနာဆီဖုန်းဆက်ဦးမယ်....သမီးကဘန်ကောက်သွားဖို့ပြင်တော့နော်...
ဟုတ်ပြီလား....အဟွန်း...အခုအိပ်တော့ညဉ့်နက်နေပြီ...'''

သမီးဖြစ်သူရဲ့ခေါင်းလေးကိုလက်ဖြင့်ဖွရင်း ဦးသုခပြန်ထွက်
သွားသည်။ဒေါ်ရတနာဆက်ကသူ့အကူအညီနဲ့မကင်းသူ
ဒေါ်ရတနာဆက်ရဲ့ ရတနာဆိုင်မှာငွေတုတွေနဲ့အလိမ်ခံရချိန်က
သူကူညီပေးခဲ့ဖူးသည်မဟုတ်လား။အခုက သူ့အတွက်
ပြန်ရယူရမယ့်အချိန်ဖြစ်သည်။သူ့သမီးကအရာအား
လုံးထက်ပိုပြီးသူ့အတွက်အရေးကြီးသည်။ဘယ်သူဘာဖြစ်ဖြစ်
သူလုံးဝစိတ်မဝင်စားပေ။သူကုိယ်တိုင်ကဘဝတစ်လျှောက်လုံး
ကိုယ့်ကိုကိုယ်ပဲကြည့်ခဲ့တာမဟုတ်လား။

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now