ep-13 uni&zawgyi

1.3K 33 0
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

               💄အခန်း၁၃💄

မြူ အခန်းထဲသို့ရောက်သည်နှင့်သူမကိုယ်
သူမရေချိုးသန့်
စင်လိုက်သည်။ပြီးသည်နှင့် သူမမျက်နှာလေး
သို့အရောင်စုံ
လင်စွာခြယ်သနေပေသည်။မှန်ထဲတွင်ပေါ်
လာသည့်
သူမရုပ်သွင်ကိုကြည့်ကာကျေနပ်သွား၏။

သူမ အလှဆုံးအဝတ်တွေထဲမှာ ခပ်ရဲရဲ
လက်တစ်လုံး
ကြိုးအနီရောင်ဂါဝန်ကိုထုတ်ယူကာဝတ်
လိုက်သည်။
ပြီးသည်နှင့် အောက်ထပ်သို့ဆင်းခဲ့လေ
တော့၏။

ဖြတ်ခနဲလန့်နိုးလာမိစဉ် မင်းညိုလက်တစ်
ဖက်ကယောင်ယမ်း
ကာလှမ်းဖက်လိုက်တော့အနားမှာမည်
သူမှရှိမနေပေ။
သူမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့
သူမက
ဘယ်အချိန်ကထသွားလဲမသိဘဲသူ့နံ
ဘေးကပျောက်
သွားလေတော့သူ့ရင်ထဲတစ်ခုခုလစ်ဟာ
သွားသလို။

သူ အမြန်ထကာကိုယ်လက်သန့်စင်
ပြီး အပြင်သို့
ထွက်ရန်ပြင်လိုက်သည်။သူမကိုတွေ့ချင်
သည်။သူ့အပေါ်
ကိုသူမ ဘယ်လိုတုံ့ပြန်မလဲ။ဘယ်လို
ပဲဖြစ်ပါစေ
ကိုယ့်ရဲ့တဒင်္ဂအမှားအတွက် သူမကုိ သူ
တာဝန်ယူ
ပေးရမည်။သူမဘဝကို သူ့ကြောင့်စွန်း
ထင်းသွားရ
မှာကိုမင်းညို လုံးဝမလိုလားပေ။သူမသည်
ကား  သူချစ်ရ
သည့်မိန်းကလေးပင်မဟုတ်ပါလား။

သူမသူ့ကိုမုန်းသည်ဖြစ်စေ၊ချစ်သည်
ဖြစ်စေ၊
သူမပေးတဲ့အပြစ်ကိုခံယူဖို့အသင့်ဖြစ်နေ
ခဲ့ပြီ။
မြူ့ကိုချစ်သည်။ထိုမိန်းကလေးကတစ်ပါး
သူအတွက်
ဘယ်လိုအရာမျိုးပဲဖြစ်နေပါစေ သူ့ဘဝအ
တွက်တော့
တန်ဖိုးကြီးမြတ်သည်ဟုသူမှတ်ယူသည်။

''''မင်းညို....နိုးပြီလား.....ဒီနေ့မင်းခွင့်ယူဖို့ပြောထားတယ်ဆို....
ဟုတ်လား.....hotelကဝန်ထမ်းမလေးဖုန်းဆက်မှသိတာ...
ရုံးကိုခွင့်စာတင်ထားတာလား....´´´'

'''ဟုတ်ပါတယ်သူဋ္ဌေး....ကျွန်တော် ခွင့်ယူချင်လုိ့ပါ....´´''

''''အင်းလေ....ဒါဆိုလဲပြီးရော...မနက်စာမစားရသေးဘူးမဟုတ်လား...
တစ်ခါထဲလိုက်ခဲ့ပြီးဝင်စားလေ.....´´´´

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now