ep 6 uni& zawgyi

1.6K 36 1
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

               💄အခန်း၆💄

''''ဒေါက်   .....ဒေါက်....ဒေါက်....´´´´

သူမ. ဖွင့်ထားပြီးသားတံခါးကိုခေါက်
နေသည့်
အသံကြောင့်တံခါးဝသို့ကြည့်လုိက်
တော့သူမ
တစ်ခါမှမမြင်ဖူးသည့်လူတစ်ယောက်
ကအခန်းရှေ့
တွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

''''ကျွန်တော်ဝင်ခဲ့လို့ရမလားခင်ဗျ.....ကျွန်တော့်ကို သူဋ္ဌေးဆက်အာဏာက....
လွှတ်လိုက်တာပါ....သူ့ရဲ့(Secretary) ပါ
´´´

''''သြော်......ဟုတ်.....ဟုတ်ကဲ့....´´´

သူမ တံခါးနားတွင်ရပ်နေရာမှဖယ်ပေး
လိုက်တော့
ထိုလူကဝင်သွားလေသည်။ပြီး၌ စားပွဲ
ထက်တင်ထားသည့်
အနီရောင်ဖုန်းလေးဆီသို့လျှောက်သွား
ကာဖုန်းခေါ်
နေတာကိုတွေ့ရ၏။သူမနံဘေးမှာရပ်
နေချိန် ထိုလူက
သူမဘက်သုိ့လှည့်လာကာ ဖုန်းနီလေးကိူ
သူမအားကမ်းပေး၍

'''ပြောလိုက်ပါခင်ဗျ....သူဋ္ဌေးကတော်....´´´

''''ရှင်      ဟို.....ကျ.....ကျွန်မ.....´´´

''''ရော့....မြန်မြန်ပြောပါခင်ဗျ.....အချိန်က၃မိနစ်ပဲပေးလိုက်တာမို့ပါ...´´´

ပျိုး ထိုလူ့စကားကြောင့်အံ့သြရသည်။
သူပြော
နေတာတွေ သူမနားမလည်ပေမယ့်
ဟိုဘက်က
ဘယ်သူမို့ သူမကုိပြောခိုင်းနေရတာလဲ။
ဘာပဲဖြစ်ဖြစ်
ပြောကြည့်လိုက်ချင်သည်မို့ ဖုန်းနီလေးအား
လှမ်းယူကာ
နားထောင်လိုက်မိသည်နှင့်သူမကြားလိုက်
ရသည်ကား.....။

''''မေမေ့......ခေတ်ပါ.....မေမေ့ကိုလေခေတ်အရမ်းလွမ်းတာပဲသိလား.....မေမေဘယ်တော့ပြန်လာမှာလဲဟင်...ခေတ်ဒီမှာနေရတာအရမ်းပျော်တယ်သိလား...
မေမေပြန်လာရင်လည်း....ခေတ်တို့ဒီမှာပဲနေကြမယ်နော်....´´´

''''ဟင်!!...သ....သမီးလေး.....သမီး....နေကောင်းရဲ့လားဟင်...
အခုသမီးအဆင်ပြေရဲ့လား....သမီးလေး...သမီးကိုမေမေလွမ်းတယ်နော်
ခေတ်....မေမေသမီးနဲ့အတူပြန်နေရအောင်ကြိုးစားမယ်နော်...
အဟင့်ဟင်...´´´´

သူမ သမီးအသံကိုကြားသည်နှင့်ရင်
ထဲကလာတဲ့
ကြည်နူးမှု၊အံ့သြဝမ်းသာမှူနဲ့အတူသူမ
ပြောချင်တဲ့
စကားတွေကိုတရစပ်ပြောနေမိသည်။
သမီးလေး
ကိုသူမတေီ့ချင်သည်။ထို့အတွက်တွေ့ခွင့်
ရဖို့ကြိုးစားရမည်။
သမီးလေးဆီမှရယ်မောသံနဲ့အတူ သူမကုိ..

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now