ep 16 uni & zawgyi

1.4K 26 1
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

 
             💄အခန်း ၁၆💄

''''မေမေ....´´´

အပေါ်ထပ်လှေကားမှပြေးဆင်းလာတဲ့ဆက်ရဲ့ခေါ်သံကို
ကြားလိုက်ရတော့ ဒေါ်ရတနာဆက်ရဲ့မျက်နှာကပြောင်းလဲ
သွားလေပြီ။သားကိုလှည့်ကြည့်ရင်း သူမဘက်သို့ပြန်ပြုံးပြကာ..

''''လာလေသမီး....ဟိုမှာထိုင်....´´'

'''ဆက်....သမီးသောက်ဖို့တစ်ခုခုလုပ်ခိုင်းလိုက်လေ...အိမ်ကလူတွေကို..
သွား...သားကိုယ်တိုင်သွားပြောလိုက်သမီးအကြိုက်ကို....´´´'

ဆက် မေမေ့မျက်နှာကိုအကဲခတ်လိုက်သည်။တကယ်ပဲပျိူးကို
ကြည်ဖြူတာလား။သူ့သဘောကျဟနိဆောင်နေတာများလား
သို့ပေမယ့် ပျိူးရဲ့လက်တစ်ဖက်ကိုဆွဲရင်းသူမနံဘေးမှာ
ထိုင်စေလိုက်တဲ့ဒေါ်ရတနာဆက်ရဲ့အမူအယာက
အကယ်ဒမီမင်းသမီးရှူံးလောက်ပေသည်။

'''ခဏနော်...ပျိုး....ကုိယ်ပြန်လာခဲ့မယ်...´´´

သူမကိုပြုံးပြရင်းပြောလျှက်ထွက်သွားသည့်
ဆက်ရဲ့
ကျောပြင်ကိုကြည့်ရင်း ဒေါ်ရတနာဆက်ပြုံးလိုက်သည်။
ပြီးသည်နှင့်ပျိုးဘက်သို့လှည့်ကာ....

'''ဆက်ကတစ်ဦးတည်းသောသားလေ....အိမ်မှာအလိုလိုက်ခံထားရလို့...
နည်းနည်းတော့ဆိုးတယ်....သမီးနဲ့ရောအဆင်ပြေရဲ့လား....´´´

''''ပျိုးအကြောင်းကို...ဆက်က အန်တီ့ကိုပြောထားပြီးသား...
ပျိုးကိုပဲလက်ထပ်မှာ.... သူ့ကိုဒီတစ်ခေါက်ကျောင်းပိတ်ရင်..
ပျိူးရဲ့အဖွားဆီမှာလိုက်တောင်းပေးပါတဲ့...´´´

'''ပျိုကတကယ်ချစ်ဖို့ကောင်းတာပဲ... ဒါကြောင့်အန်တီ့သားလေးက
ပျိူးမှပျိုးပဲဖြစ်နေတာ.....အန်တီတောင်ကြည့်ရင်းချစ်မိတယ်...´´´

သူမဆံပင်လေးတွေသပ်ပေးရင်းနွေးထွေးစွာပြောလိုက်တဲ့
ဒေါ်ရတနာဆက်  သူမမထင်မှတ်ထားတာမို့အံ့သြနေမိသည်။
သူမကိုလိုလားစွာဂရုစိုက်နေသည်ကအိပ်မက်များလား
သူမဖြစ်ချင်တာတွေများထင်ယောင်ထင်မှား
ဖြစ်နေခဲ့တာလား။

ဆက်ပြန်ရောက်လာတော့ ဒေါ်ရတနာဆက်စားပွဲခုံက
လက်ပွေ့အိတ်ကိုကောက်ယူကာ...

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now