ep 14 uni & zawgyi

1.1K 25 0
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

            💄အခန်း၁၄💄

''''ဒီမှာ....ဒီမှာ....တဆိတ်လောက်ရှင့်...´´'´

ဆက် နောက်ကျောဘက်မှခေါ်သံကြောင့်
ခေါင်းလှည့်ကာ
ကြည့်လိုက်တော့သူ့ကိုရပ်ကြည့်နေသော
မိန်းမလှလေး
တစ်ယောက်ကိုတွေ့လိုက်ရလေသည်။

''''ရှင်   ကျွန်မကိုမှတ်မိလား...´´'

'''''ဟင့်အင်း....´´'

သူခေါင်းခါကာ မမှတ်မိကြောင်းပြလိုက်
တော့သူမက
မျက်လုံးလှလှလေးအားဝင့်ကာကြည့်လိုက်ပြီး
သူ့ကိုပြုံးပြကာ...

''''ဟိုတစ်နေ့ကကျွန်မကိုပါမောက္ခချူပ်ရုံးခန်းဆိုပြီး...အမျိူးသား(toilet) တစ်ခု
ကို ရှင်တိူ့သူငယ်ချင်းတွေညွှန်လိုက်တာလေ...´´´´

'''ဟာ!!!!

ဆက်ခေါင်းထဲ လက်ခနဲဆိုအဲ့နေ့ကအဖြစ်အပျက်ကိုပြန်မြင်
ယောင်လာမိတော့ မျက်နှာပူသွားရလေ၏။
သူအားနာစွာ
ပြန်ကြည့်ရင်းရှင်းပြဖို့ဟန်ပြင်လို်က်စဉ်သူမက
ပြုံးပြလိုက်ပြီး...

''''ကျွန်မက.  ရှင်မှတ်မိအောင်ပြောပြတာပါ....အဟင်းဟင်း...
ကျွန်မနာမည်ဝတီမြင့်မြတ်....
ဒါနဲ့ရှင့်နာမည်ကရောဟင်...ကျွန်မသိလို့ရလား... ´´´'

'''ရပါတယ်....ဆက်အာဏာပိုင်ပါ....´´´´

''''ဝိုး....သိပ်ကို အာဏာပြင်းတဲ့နာမည်ပါလား...
ဟုတ်ပါပြီ....ဝတီကတော့သိပ်ကိုခင်သွားပြီ..ယူ့ကို
ဝတီနဲ့အတူcoffeeတစ်ခွက်လောက်လိုက်သောက်ပါလား...
ဝတီဒကာခံပါ့မယ်မိတ်ဖြစ်ဆွေဖြစ်ပေါ့...´´´

ဆက် နှုတ်ခမ်းလေးတစ်ချက်တွန့်သွားသည်။
အချေကြီးပြီး
အထာကိုင်တာမဟုတ်ပေမယ့်လည်း သူမိန်းကလေးတွေ
နဲ့ရောရောနှောနှောမနေချင်ပေ။အစကတည်းကနာမည်
ဆိုးရှိပြီးသား သူ့လိုလူအတွက်  အမှားမရှိအောင်ရှောင်
နေတာကအကောင်းဆုံးမဟုတ်လား။
မဟုတ်ရင်
ပျိုးရဲ့စိတ်ထဲသူ့ကိုမျက်နှာများတဲ့သူလို့မြင်သွားရင်အခက်။

''''sorry ပါမဝတီမြင့်မြတ်.... ကျွန်တော်သူငယ်ချင်းတွေနဲ့...
ချိန်းထားပြီးသားဖြစ်နေလို့ပါ....မလိုက်ဖြစ်လောက်ဘူး....´´´

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now