ep 8 uni&zawgyi

1.3K 26 3
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

                💄အခန်း၈💄

စည်ကားလှသည့် စျေးပွဲတော်ကြီးထဲ
  ကလေး၊လူကြီး
လူငယ်လူရွယ်စုံလင်စွာဖြင့် ဆူညံနေကြ
၏။ထိုအထဲတွင်
စျေးသည်များရဲ့ အော်ဟစ်ရောင်းချသည့်
ပစ္စည်းမျိုးစုံ၊ကလေး
ကစားစရာများအပါအဝင်၊စားကောင်းမည့်
ပုံရသည့်
မြန်မာမုန့်တွေကလည်းစုံလင်လှ၏။

မီးရောင်တဝင်းဝင်းဖြင့်လည်ပတ်နေသည့်
ရဟတ်နှင့်ပင်လယ်ဓားပြ
လို့ခေါ်သည့် ကလေးများကြိုက်နှစ်သက်
စွာတက်စီးနေကြ
သည့်အပျော်စီးရဟတ်ယာဉ်များကလည်း
တစ်ဝီဝီ
မိသားစုများဟိုတစ်စု၊သည်တစ်စုလည်
ပတ်နေကြတဲ့
အထဲ ပျိူးနဲ့သူငယ်ချင်းနှစ်ယောက်လဲအတူ
ပါဝင်၍
မြင်မြင်သမျှငေးမောရင်းပျော်နေကြသည်။

'''ဟဲ့....နွယ်လေးနဲ့ သဉ္ဓာ....ဟိုမှာကြည့်စမ်း...သေနပ်ပစ်တာ
အဲ့အရုပ်လေးတွေလိုချင်လိုက်တာ....သွားပစ်ကြမယ်....လာ....´´´´

နှုတ်ခမ်းနီဘူးတွေအားစိတ်ကြိုက်ရွေးချယ်
နေကြတဲ့
သူငယ်ချင်းမနှစ်ယောက်ကို သူမပြောလိုက်
လေသည်။
သဉ္ဓာကတော့ မော့ကြည့်လိုက်ပေမယ့်နွယ်
လေးကတော့
ရွေးနေတဲ့နှုတ်ခမ်းနီဘူးတွေလောက်စိတ်ဝင်
စားပုံမရပေ။

''''သွားကြမယ်လေနော်လို့....´´´

''''ကျစ်.....မိပျိရ...နင်ကလည်းကလေးကလားနဲ့...ပစ်ချင်နင်ပဲသွားပစ်
မသွားချင်ပါဘူးဟာ  ....ဒိမှာနှုတ်ခမ်းနီဘူးလှလှလေးရွေးဦးမယ်...´´´

သူမအားပြန်ပြောလိုက်သည့်နွယ်လေးစ
ကားကြောင့်
ပျိုးမျက်နှာလေးမဲ့သွားရကာ သေနပ်ပစ်
ကာကစားနေကြ
သည့်သူတွေရှေ့ပန်းရောင်မွေးပွအရုပ်ကြီး
ကိုငေးကြည့်နေ
လေ၏။ဒါကိုမြင်သွားသည့်သဉ္ဓာက သူမကို
ကြည့်ကာဝင်ပြော၏။

'''''ပျိုးရယ်.....အရုပ်လိုချင်တာမဟုတ်လား
..ဟိုရှေ့မှာဝယ်ကြမယ်လေနော်....´´´

'''ဟင့်အင်း....ဟိုမှာသေနပ်ပစ်ရင်းကိုယ့်ကြိုစားမှူနဲ့ရလာတာကိုလိုချင်တာဟ....´´´´

'''အံမယ်.....နင်ကထိမှာမို့လို့လား....´´´

နွယ်လေးမျက်နှာလေးကမဲ့ကျသလိုလေး
လုပ်ပြီး
ပျိုးကိုပြောလိုက်၏။သဉ္ဓာကနှုတ်ခမ်းလေး
စူသွားသည့်
ပျိူးမျက်နှာကိုကြည့်ကာရယ်ချင်လာမိ၏။
ပြီးမှ...

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now