ep-4

1.7K 45 1
                                    

*unicode*
⚜အတ္တရောင်လွှမ်းသောခင်ပွန်း⚜

          💄အခန်း ၄💄

''ခေတ်....ဒါမကြိုက်ဘူး....မစားချင်ဘူး...အဲ့ဒါတွေဖယ်ပေးပါ´´

နူးညံ့သည့်နို့ပါမုန့်ပေါ်တွင်သုတ်
ပေးထားသည့်
စတော်ဘယ်ရီခရမ်တွေကိုကြည့်
ရင်းသူမလေး
ဆိုလိုက်တော့မိနော်မျက်နှာက
မဲ့သွားကာ
ကလေးမလေးကိုပြန်ကြည့်၏။

သဲဇာက ခေတ်လက်ညိုးထိုး
ပြသည့်
ပါမုန့်ကိုယူကြည့်ကာသူမခေါင်း
လေးကိုသပ်
လိုက်ပြီး ပြုံးပြ၍ချော့မြူသလို
လေးပြောလေ၏။

'''ဘာဖြစ်လို့လဲမီးမီးရယ်....ဒါကစတော်ဘယ်ရီယိုလေ...အရမ်းကိုစားကောင်းတယ်ချိုနေတာပဲ...စားလိုက်ပါနော်.....´´

'''ခေတ်ကိုမီးမီးလို့မခေါ်ပါနဲ့ခေတ်လို့ပဲခေါ်....အဲ့စတော်ဘယ်ရီယိုကိုချိုလို့မကြိုက်ဘူး....ဖယ်ပေးပါမမ...´´

သဲဇာ စကားတတ်လွန်းသည့်သူ
မလေးကို
ကြည့်ကာချစ်နေမိသည်။သူမလုံး
ဝမကြိုက်ဘူး
ဘယ်လိုဖျောင်းဖျဖျောင်းဖျရမှာ
မဟုတ်မှန်း
သိလိုက်ရသည်မို့ ပန်းကန်ထဲမှမုန့်
တွေကို
ဖယ်ပေးလိုက်လေတော့သည်။

ခေတ်  စားပွဲထက်မုန့်တွေကိုတစ်
ခုခြင်းစီ
လိုက်ကြည့်ကာအုပ်ဆောင်းဖြင့်
အုပ်ထားသည့်
မုန့်ဟင်းရည်ပန်းကန်ကိုတွေ့သွား
လေ၏။
သူမထိုပန်းကန်ကိုပြူးကြည့်ကာ
လက်ညိုးလေး
ထိုးပြလျှက်သဲဇာကိုပြောလေ၏။

''ခေတ်.....ဒါစားမယ်...ဒါထည့်ပေးပါ....´´

''''ဟင်....´´

သူမထိုးပြသည့်မုန့်ဟင်းရည်ပန်း
ကန်ကို
ကြည့်ကာ အိမ်စေများအားလုံး
မျက်လုံးပြူး
သွားရလေသည်။ဒါက အာဏာ
တစ်ယောက်ထဲ
အတွက်သီးသန့်လုပ်ပေးထား
သည့်မနက်စာ။
ပြီးရင်holtelခန်းထဲသွားပို့ပေး
ရမှာမို့
ပြင်ဆင်ထားခြင်းဖြစ်သည်။ဒါ
ကိုမှစားချင်
တယ်ဟုလက်ညိုးထိုးနေတဲ့ခေတ်
ကြောင့်ဘာလုပ်
ရမှန်းမသိဖြစ်နေလေတော့သည်။

ကျွေးရခက်မကျွေးရခက်ဖြင့်
ပျာယာခတ်
နေစဉ်ခေတ်ကပန်းကန်တစ်ခု
ကိုယူကာ
ဗိုက်ဆာနေပြီမို့သူ့သဘောနဲ့
သူစားနေ၏။
အိမ်မှာလဲမေမေကစျေးအစော
ကြီးသွား
ရောင်းနေကြမို့စားသောက်ဖို့
ခေတ်ကိုကြို
ပြင်ဆင်ပေးထားတတ်ပြီးကိုယ့်
အလုပ်ကို
ကိုယ်တိုင်လုပ်တတ်တဲ့အကျင့်
ဖြစ်အောင်
သင်ပေးထားသည်မို့ခေတ်အတွက်
မထူးဆန်းပေ။

အတ္တရောင်လွှမ်းသော ခင်ပွန်း🔥❤️Where stories live. Discover now