1950 January 25 ( Wed )
ဒေါက်...ဒေါက်....
"Captain အရေးကြီးကိစ္စပြောစရာလေးရှိလို့ပါ "
"ဝင်ခဲ့..."
လက်နက်စစ်ဆေးနေရင်း ပြောစရာရှိလို့ဝင်လာတဲ့ သူ့ရဲ့တပည့် ethan ကိုကြည့်လိုက်တော့ အမောတောင်ဖြေခဲ့ပုံမပုံ..၊အထဲရောက်မှ အသက်ဝဝရှုနေတဲ့သူကို စားပွဲပေါ်မှာချထားတဲ့ ရေကရားထဲက ရေတစ်ခွက်ထည့်ပေးလိုက်ပြီး အရှေ့ကိုတွန်းပေးလိုက်သည်။
"အွန်း..ဒါလေးအရင်သောက်လိုက် ၊မင်းကြည့်ရတာ အရေးကြီးကိစ္စမပြောခင်အရင်ဆုံး အသက်ပျောက်တော့မဲ့ပုံနဲ့ "
သူ့ကိုအသံထွက်ရီပြပြီး တွန်းပေးလိုက်တဲ့ရေကိုသောက်ကာ ..
"ကျွန်တော်အရေးကြီးကိစ္စမို့ လမ်းတောင်မလျှောက်နိုင်ဘူး မြန်မြန်ပြေးလာခဲ့တာ "
အသိမှတ်ပြုသလိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ဆက်ပြောဆိုတဲ့ပုံနဲ့သာကြည့်နေလိုက်သည် ။
အဲ့တော့မှ သူ့ရဲ့ပျက်ယွင်းနေတဲ့ကိုယ်ဟန်ကို စစ်သားတစ်ယောက်လို ပြန်ပြင်လိုက်ပြီး လက်တစ်ဖက်က အရာရှိတစ်ဦးကိုအလေးပြုသလိုထားကာ တစ်ဖက်ကပေါင်လယ်နားကို ကပ်ထားပြီး လက်သီးကိုဆုပ်ထားသည့်ဟန်နဲ့ ..
" Captain Leeကိုဗိုလ်ကြီးခေါ်ခိုင်းလိုက်လို့ပါ ဂျပန်ဘက်ကသူလျှို တစ်ယောက်ဖမ်းမိထားလို့ တစ်ချက်လောက်လာကြည့်ပေးပါတဲ့ "
"ဂျပန်ဘက်ကသူလျှိုလား..အင်းကောင်းပြီ အခုပဲလိုက်လာခဲ့မယ် အပြင်မှာစောင့်နေပေးပါ "
သူ့ရဲ့စစ်ဆေးနေတုန်း ရိုင်ဖယ်သေနတ်ပြောင်းတံရှည်ကိုသိမ်းကာ ထိုင်ခုံမှာချိတ်ထားတဲ့ အပေါ်ရုံကိုယူ၍ အခန်းပြင်ကိုထွက်ခဲ့လိုက်သည် ။
________________________
လျှောက်လာတဲ့လျှောက်လမ်းတစ်လျှောက် ဘေးနားကဖြတ်သွားတဲ့စစ်သားငယ်လေးတိုင်းကအလေးပြုကြကာ စစ်ဆေးရမဲ့နေရာရောက်တော့..
"Captain ဝင်ပါ..အထဲမှာဗိုလ်ကြီးနဲ့ ဖမ်းမိထားတဲ့ဂျပန်စစ်တပ်ဘက်က သူလျှိုနဲ့တူတူရှိနေတာပါ"
YOU ARE READING
𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}
Fanfictionဤfictionတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်းဇာတ်ကွက်များသည် google,ဖတ်ဖူးထားသော စာတိုများ၊ကြည့်ဖူးသော ဇာတ်လမ်းများကို inspire ယူကာ ဖန်တီးထားသော စိတ်ကူးယဉ်တစ်ပုဒ်သာသာဖြစ်သည် ။ Start date -3.1.2024 End date -???