ep-(2)

301 32 17
                                    

ကားစဝင်တာနဲ့ဒီနယ်ကိုစောင့်နေတဲ့ နယ်စောင့်တွေက အလျိုလျိုလာကြိုကြသည်။ အဲ့ထိထဲဒီဘက်ကိုအုပ်ချုပ်ရတဲ့ နယ်မြေခေါင်း‌ဆောင်ပါ အပါဝင်ပေါ့....

"Captain ကိုယ်တိုင်လာကြည့်တာဆိုတော့ဘယ်အရေးတွေများရှိနေလို့လဲဗျ"

သူဘာမှမလုပ်သလို မသိဟန်ဆောင်ပြီးအပြစ်ကင်းဟန်ပြောနေတဲ့လူကြီးကို မအံ့ဩဘဲမနေနိုင် ၊လူတွေမှန်း ပိုမြင့်တဲ့သူကိုကပ်ချင်ကြတာ လူလောကရဲ့သဘာဝလိုပင်ဖြစ်နေပြီ..

"ဒီနယ်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေအကုန်တွေကို ခေါ်လိုက် "

အလန့်တကြားနဲ့‌မော့ကြည့်တဲ့အဆီရွှဲနေတဲ့မျက်နှာကို မသိကျေးကျွန်ပြုပြီး သူ့ဘေးနားကရပ်နေတဲ့အလှတရားလေးဆီကိုပဲစိုက်ကြည့်နေလိုက်သည် ။

"ဆရာလေး..လူနာကြည့်ဖို့လာတာအဖော်မရှိရင် ခနနေethanကိုခေါ်ထားလိုက် အခုတော့ကိုယ်သူ့ကိုခနခေါ်ထားပါရ‌စေ"

"အာ..ရပါတယ် ၊ethanကcaptainလက်ထောက်ပဲ၊ ခနခေါ်ဖို့ခွင့်တောင်းရမယ်ဆိုရင်တောင် အဲ့တာကိုကျွန်တော်ကပဲအရင် ခွင့်တောင်းရမှာပေါ့"

"Captain အခန်းထဲမှာလူစုပြီးပါပြီ"

အုပ်ချုပ်ရေးခန်းထဲမှာ လူစုခိုင်းထားတာကြောင့် လူစုံပြီသူပဲကျန်တော့တယ်ဆိုတဲ့သဘောမို့..

"ကောင်းပြီ..သွားနှင့်လိုက် ၊လိုက်လာခဲ့မယ်"

"အဲ့တာဆို...ဆရာလေးကိုယ့်ကိုသွားခွင့်ပြုပါအုန်း ၊ကိစ္စပြီးတာနဲ့ethanကို လွှတ်လိုက်မှာမို့ ဆရာလေးစိတ်ချလက်ချ စစ်ဆေးနေပါ"

ပြန်စကားတွေတောင် နားမထောင်အားတော့အခုကိစ္စပြီးမှ ဆရာလေးနားကိုကပ်ဖို့စိတ်ဖြောင့်မည့်မို့ ကိစ္စတစ်ခုကိုသာအရင်ပြီးမြှောက်အောင်လုပ်ဖို့သာရှိတော့သည် ။

_______________________

အခန်းထဲဝင်လိုက်ပြီး လူ8ယောက်စာထိုင်လို့ရသည့် စားပွဲ‌ဝိုင်းထိပ်ဝင်ထိုင်ကာ မနေ့ကပြောသည့် ကိစ္စကိုစတင်ဖို့..

"ဒီနယ်ကိုလိုအပ်တဲ့ပစ္စည်းပစ္စယ တွေကိုတစ်လကိုဘယ်2ခါထောက်ပံ့လဲ "

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now