ep-(9)

280 30 7
                                    

အွန်းယူကလိမ္မာပါးနပ်တဲ့ကလေးမျိုးလေး အိမ်ကိုစခေါ်လာထဲက ကလေးဆိုတဲ့စိတ်နဲ့ တွေ့ကရာပစ္စည်းကိုလည်း လျှောက်မကိုင်တတ်သလို ထမင်းစားဝိုင်းမှာ၄ယောက်သား ဝိုင်းစုစားဖြစ်ရင်လည်း ဘယ်တော့မှ captain မခပ်ရသေးဘဲ ဟင်းတွေကိုမခပ်
..

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းပြီး လူပါးနပ်တဲ့ကလေးမလေးက မီးဖိုချောင်ကကိစ္စတွေကို ကိုယ်တိုင်သာလုပ်သည်။ ထမင်းအိုးတည်တာကနေစလို့ ဟင်းချက်ပြီး စားလို့ပြီးသွားတဲ့အထိ သူတို့ပန်းကန်တွေကို ဆေးပေတဲ့အထိ သိတတ်လွန်းသည် ။

ဆေးကုပေးဖို့ခေါ်လာတာကို ဒီအိမ်ကအခိုင်းဖော်တစ်ယောက်လို အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်လို့မလုပ်ဖို့ပြောမိတော့

'ရတယ်..ဦးဦး ၊ဒေါ်ဒေါ်တို့နဲ့နေတုန်းကဆို ဒီထပ်ပိုပြီးလုပ်ရတာ ၊သမီးဒီမှာနေရတာကို သဘောကျတယ် ထမင်းစားရင်တူတူစားရပြီး ထမင်းစားခံနီးတိုင်းလဲအရိုက်မခံရဘူး' တဲ့

သူရဲ့အံ့ဩမှုတွေက ဒီလောက်နဲ့ပဲအဆုံးမသတ်ခဲ့ ဆေးကုပေးဖို့ကလေးမလေးရဲ့ ဝတ်လာတဲ့ အကျီရှည်ကိုလှန်ခိုင်းမိတော့ တွေ့လိုက်ရတဲ့ အရှိုးရာတွေနဲ့ ညိုမဲမဲအကွက်တွေကအများကြီး ကိုယ့်မျက်စိကိုယ်မယုံနိုင်စွာ ရှိနေအုန်းမလားဆိုတဲ့အတွေးနဲ့ ဘောင်းဘီရှည်ကို ဒူးထိလှန်လိုက်တော့ 'ဘုရား..ရေ' လို့တမိတဲ့ အထိ ကြောင်အသွားခဲ့သည်။

ခြေသလုံးနားတစ်ဝိုက် ဆေးလိပ်မီးနဲ့ထိုးခံထားရသလို ညိုမဲစွဲပြီးခရမ်းရောင်ဘက်ကိုသွားနေတဲ့ အညိုကွက်တွေနဲ့ ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ အသားကိုအပွန်းခံထားရသလို ပြတ်ရှရာတွေက ကောင်မလေးရဲ့လူကောင်နဲ့ မလိုက်အောင်နေရာလပ်တောင်မရှိခဲ့....

ဦးလေးဖြစ်သူလုပ်တာလားမေးတော့လည်းမငြင်း ပြန်ပြောသည့်စကားတွေကသူ့ရင်ကို ပိုလို့တောင် ဝမ်းနည်းစေခဲ့သည် ။

'ဦးလေးက သမီးကိုသူသောက်နေကျ အရက်တွေသွားဝယ်ခိုင်းတယ် သမီးကလုပ်စရာမပြီးသေးလို့ မဝယ်ပေးနိုင်ရင်အနားကိုခေါ်ပြီး လက်မောင်းတွ ပေါင်တွေပေါ်ကိုသူသောက်နေတဲ့ ဆေးလိပ်မီးနဲ့ထိုးတာ...'

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now