ep-(11)

201 35 7
                                    

' ခွမ်း....'

အလွမ်းဓာတ်တွေများလာလေ ရင်ထဲကလွမ်းဆွတ်မှုတွေကပိုဆိုးလာလေ ပြေးတွေ့ပြီး 'လက်လွှတ်ခဲ့မိတာကျွန်တော့်အမှားပါ' 'ပြန်လာပေးပါ' ဆိုပြီး ဒူးမထောက်ရုံတမယ် ပြန်ဆွဲချင်နေတဲ့ ကိုယ့်ကိုကိုယ့်မလေးစားတဲ့ အတွေးတွေက ဝင်လာပြီး အလုပ်တွေကိုပိုတိုးလုပ်မိလေ .....

စိတ်ကိုရော ကိုယ်ကိုရောညှင်းပန်းမှုတွေလုပ်ခဲ့ပြီး ရလာတဲ့ရလဒ်အနေနဲ့က ‌captain ကိုမေ့သွားစေတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကပင်ပန်းမှုရဲ့ဒဏ်ကိုမခံနိုင်ဘဲ မေ့လဲချင်သလိုဖြစ်လာသည် ။

အိမ်ကိုတစ်ညပြန်ကာ ကိုယ်လက်သန့်စင်ပြီး ဆေးရုံကိုပြန်သွားဖို့ အခန်းထဲကအထွက် ရုတ်တရက်ခေါင်းကမိုက်ကနဲဖြစ်သွားလို့ မှီတဲ့နေရာကို လှမ်းထောက်လိုက်တာ တင်ထားတဲ့ ဓာတ်ပုံဘောင်တွေကိုတိုက်မိသလိုဖြစ်ပြီး ပြုတ်ကျကုန်တော့သည် ။

အဲ့ဒီမှာကျန်တဲ့ပုံတွေက ဘာမှမဖြစ်ပေမဲ့သူနဲ့ ဗိုလ်ချုပ်ရဲ့ တွဲရိုက်ထားတဲ့အရောင်တွေမပါဘဲ ခပ်ညိုညိုဖြစ်နေတဲ့ဓာတ်ပုံဘောင်ကတော့ အခြားဟာတွေနဲ့ကွဲပြားစွာ မှန်မှာအစိတ်စိတ်အမွှာမွှာဖြင့်ကြေမွနေသည် ။

ပုံကိုငုံ့ကြည့်တော့အထဲမှာ ကောင်လေး2ယောက်် လက်ကိုထပ်ကိုင်ကာတစ်ယောက်ကမတ်တပ်ရပ်နေပြီး နောက်တစ်ယောက်ကတော့ ထိုင်လျက်သား... သိပ်မကြည်နေတဲ့ပုံထဲမှာတောင် ၂ယောက်လုံးရှက်နေသလို အပြုံးလေးတွေကိုယ်စီနဲ့

လွမ်းတိုင်းအမြဲကြည့်ဖြစ်နေတဲ့ ပုံလေးမို့ဒီလိုကွဲသွားတော့ ဝန်ဘင်းကျန်တာတွေမတွေးနိုင်တော့ဘဲ ပုံကိုကဗျာကယာ ကောက်ယူမိလိုက်တော့ မှန်ကွဲစတွေနဲ့ထိမိပြီး လက်ကနေသွေးတွေကျလာကာ သွေးစတွေကအောက်ကရှက်ပြုံးလေး ပြုံးနေတဲ့ဗိုလ်ချုပ်ရဲ့မျက်နှာတည့်တည့်ကို ....

လက်ကနာကျင်မှုကို အကြောင်းပြကာ ရင်ထဲကနာကျင်မှုကိုပါရော‌လိုက်ပြီး အဲ့ကွဲသွားတဲ့ဓာတ်ပုံကို မရှင်းလင်းနိုင်ဘဲ‌‌ ဘေးနားမှာထိုင်ပြီး ကလေးတစ်ယောက်လို အသံတွေပါထွက်တဲ့အထိငိုနေမိသည်။

_________________________

အသဲကွဲတာမခံစားဖူးတုန်းကတော့ မစာနာတတ်ပေမဲ့ ကိုယ်တိုင်က'အသဲကွဲနေတယ်'ဆိုတဲ့ ကျဉ်းထဲကျပ်ထဲရောက်တော့ ဒီဝဋ်ကဘယ်လောက်တောင် ကြီးမှန်းသဘောပေါက်လိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now