ep-(5)

236 32 2
                                    

   3ရက်ကြာတဲ့ထိ ပြန်မလာသေးတဲ့သူနဲ့မဆိုင်သေးတဲ့ အမျိုးသားငယ်ကိုလွမ်းဆွတ်ရတာက သူ့အတွက်ဘယ်သူမှပေးထားတာမဟုတ်တဲ့ တာဝန်တစ်ခုလိုပေ...

လက်ကအရှေ့ကချော်လဲသွားလို့ အရိုးအက်သွားတဲ့ကလေးကိုပတ်တီးစည်းပေးနေပေမဲ့ စိတ်ကတော့ဘယ်တော့ပြန်ရောက်လာမလဲမသိတဲ့သူဆီမှာ ...

"ဆရာလေးရေ ~ဆရာလေး"

အရှေ့ကနေအော်ခေါ်နေတဲ့ သူနာပြုလေးကြောင့်ထသွားပြီး

"ဘာဖြစ်လို့လဲ ခွဲလူနာလာလို့လားဗျ"

"မဟုတ်ဘူး အခုဟာကခွဲလူနာထက်အရေးကြီးတယ် captain လေ captain Lee"

ရင်ထဲထိတ်ကနဲဖြစ်သွားကာ

"ဟုတ် ဗိုလ်ချုပ်ဘာဖြစ်လို့လဲ ..မြန်မြန်လေးပြောပါ"

"Captain lee ထိလာလို့တဲ့ အဲ့တာသူ့လက်ထောက်ကလာပြောချင်ပေမဲ့ ‌အနားမှာဘယ်သူမှမရှိလို့ပါတဲ့ "

ထိလာတယ်..ရင်ထဲအဆိုးမရတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ ဆေးခန်းထဲဝင်ကာအမြဲဆောင်ထားလေ့ရှိတဲ့ ဆေးအိတ်ကိုပြေးယူကာ သူတို့နဲ့သိပ်မဝေးတဲ့ စစ်တပ်ဆီအပြေးသွားလိုက်သည် ။

ရောက်တော့ကုတင်ပေါ်ကျောမှီနေပြီး ဘေးနားမှာ Ethanကပတ်တီးစည်းပေးနေသည်ကိုမြင်တော့ ...

"ဖယ် Ethan အကိုလုပ်ပေးလိုက်မယ်"

"အော်..ဆရာဘေးဘင်းရောက်လာပြီလား၊ ဟုတ်ဟုတ် ကျွန်တော်ထပေးပါ့မယ် ၊ဘာတွေလိုအပ်လဲဆိုတာပါ ပြောပါဗျ"

Ethan ဆုံးအောင်ပြောတာတောင်နားမထောင်နိုင် ၊ထပေးဖို့ဟန်ပြင်နေပြီး ခုံပေါ်ကကြွသွားတာနဲ့ခပ်မြန်မြန်ဝင်ထိုင်လိုက်ပြီး မသပ်မရပ်စည်းထားတဲ့ပတ်တီးကိုပြန်ဖြေလိုက်သည် ။

"ကျည်ထိတဲ့နေရာကိုသန့်‌ရှင်းရေးလုပ်ပြီးပြီလား Ethan "

"ဟုတ်ကဲ့ဆရာလေး ၊ဒါမဲ့ဆေးဝါးကျမစုံလို့ပိုးတော့မသတ်ရသေးဘူး ၊ရေသန့်နဲ့ပဲဆေးထားတာ"

"အင်း...ရေနွှေးသွားယူခဲ့ ပိုးသတ်ပြီးပတ်တီးသေချာပြန်စည်းရမယ် "

"ကြိုထားတဲ့ရေနွှေးပဲယူခဲ့လိုက် အရမ်းကြာနေမှာဆိုးလို့"

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now