ep-(7)

374 33 11
                                    

အချိန်တွေက ကုန်တာအရမ်းမြန်သလိုစိတ်ထဲကြာနေသည်ဟု ထင်ရင်လည်းတော်တော်နဲ့ မကုန်နိုင် တစ်ပတ်တစ်ပတ်
ကုန်သွားအောင် စောင့်နေရတဲ့အချိန်တွေက အခုဆို ၂ပတ်ကိုပြည့်လုနေပြီ ၊ နောက်2ရက်ဆို သူ့မွေးနေ့ ၊မွေးနေ့ရက်‌မှာ အတွေ့ချင်ဆုံးလူကို လက်ဆောင်အနေနဲ့ ပြန်တွေ့ချင်သည်။

ဗိုလ်ချုပ်နဲ့မတွေ့ရတာ ရက်ကြာစီမံကိန်းကြီးတစ်ခုလိုသူ့အလွမ်းဓာတ်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ပိုပြီး သိသာလာသလိုလုပ်သမျှအရာတွေမှာလည်း စိတ်မပါတော့ အမှားတွေသာလုပ်မိနေသည် ...

ရင်ထဲမှာတွေ့ချင်မိသည်..ဖက်ထားချင်သည်...ဘယ်လောက်လွမ်းနေရကြောင်းနဲ့ မှားခဲ့တာဆိုတဲ့ တောင်းပန်စကားတွေကိုထပ်ခါတလဲလဲ ပြောချင်မိသည်..၊စိတ်မကောင်းဖြစ်တဲ့စိတ်နဲ့ ဒွန်တွဲကာတစ်ဖက်မှာလည်း ဘာထိခိုက်ဒဏ်ရာမှ မရလာစေချင်...

နားထဲမှာ ဗိုလ်ချုပ်ငယ်ပြောသွားတဲ့'စစ်သားနဲ့ ဒဏ်ရာဆိုတာခွဲထားလို့မရဘဲ'ဆိုတဲ့စကားတွေကနားထဲ ပဲ့ထင်သံခတ်နေတဲ့ ခေါင်းလောင်းလို ပြန်ကြားနေရပေမဲ့ ချစ်နေရတဲ့သူအတွက်တော့ သူ့ချစ်ရသူကိုဘာထိခိုက်ဒဏ်ရာမှရတာမလိုချင်...

အခုချိန်ထိသူနဲ့ ကိုယ်နဲ့ကဆိုင်သူမဟုတ်သေးမှန်းသတိရသွားပြန်တော့လဲ မှိုင်နေတဲ့စိတ်တွေက ပန်းခြောက်တွေလိုညှိုးနွမ်းသွားပြီး နောင်တပါရချင်လာသည်။ဆိုင်သူကို တစ်ဖက်လူကဆိုင်ချင်တာတောင် အရှက်နဲ့သိက္ခာနဲ့ဆိုပြီး မူပြီးအတင်းမဆိုင်သူဖြစ်အောင် လုပ်နေတာကသူကိုယ်တိုင်ပေ..

တစ်ခါလောက်စိတ်ကိုအလွတ်ပေးလိုက်ပြီး ဖြစ်ချင်တဲ့ဆန္ဒကိုသာ ဦးစားပေးလိုက်မယ်ဆိုပြီးတွေးမိပြန်တော့လဲ သူ့ပညာရှိခေါင်းကနှလုံးသားရဲ့ လွန်ဆန်ရာကိုခွင့်မပြုချေ..အမြဲနှလုံးသားထက် ဦးနှောက်ကိုပိုပြီးဦးစားပေးတာ တော်တယ်လို့ထင်ခဲ့သမျှက နှလုံးသားရေးနဲ့အနာဂတ်အချစ်ရေးကို ပြိုင်တူတွေးမိတော့ အကျင့်အတိုင်း ... ဦးနှောက်ကအနိုင်ရနေသည် ။

ကော်ဖီတစ်ခွက်ဖျော်သောက်နေရင်း အတွေးတွေက ဗိုလ်ချုပ်နဲ့ဒီတစ်ခါတွေ့ရင်အ‌ဖြေပေးသင့် မပေးသင့်တစ်ယောက်ထဲ ခေါင်းထဲမှာရန်ဖြစ်နေကြသည်...

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now