ep-(8)

384 28 11
                                    

"ကဲ...ဦးလေး မနေ့ညကကော အခြေနေဘယ်လိုလဲ အိပ်ပျော်ရဲ့လား "

"ညကတော့မဆိုးဘူးပြောရမယ် .. သားပေးလိုက်တဲ့နည်းအတိုင်းပဲလုပ်ကြည့်တာ တစ်ညလုံးမနိုးလာဘူး ဒါမဲ့မနက်ကျ ကြက်တွန်သံပထမအချိန်မှာ နိုးလာတယ် "

"အရင်ရက်တွေကထက်စာရင်တော့ တော်တော်လေးကိုအိပ်ရေးဝရတယ်ပြောရမယ် "

သူအခု ဦးလေးဖြစ်သူရဲ့ရုံးခန်းထဲမှာ လာပြီးကျန်းမာရေးစစ်ဆေးပေးနေရတာ ၊တစ်ပတ်လောက်ကြာပြီ ကုထုံးအတိုင်းကုသပေးနေရတာ ဦးလေးရဲ့အိပ်မပျော်တဲ့ရောဂါက ဘေးနားကြည့်တဲ့ သူတောင်စိတ်ဒုက္ခရောက်မိတဲ့အထိ

အမြဲကျန်းမာရေးလိုက်စားပြီး ဂရုစိုက်တဲ့လူက မျက်တွင်းတွေချောင်ကျကာ လူကြီးရောဂါ ဖြစ်နေတာမို့ သူလဲအတတ်နိုင်ဆုံးတော့ ကြားဖူးတဲ့နည်းတွေနဲ့ ကုပေးခဲ့တာ အနည်းငယ်တော့အရာရောက်လို့ စိတ်ထဲကျေနပ်တဲ့စိတ်လေးတော့ပေါ်မိတာပေါ့..

"ဟုတ်ပြီဦးလေး..အဲ့တာဆိုအဲ့ဒီနည်းလေးတိုင်းလုပ်ပြီး ကျွန်တော်ပြောတဲ့ဆေးလေးသောက်အိပ်ပေးနော် အများကြီးအကျိုးသက်ရောက်မှုမရှိရင်တောင် အိပ်မပျော်တာထက်စာရင်တော့ အဆင်ပြေတာပေါ့ "

ဦးလေးဖြစ်သူကို မှာစရာရှိတာတွေမှာနေရင်း သူ့ဆေးအိတ်ထဲကို ဆေးတွေထည့်ကာ အခန်းထဲကထွက်လာပြီး ဆေးခန်းကိုပြန်ဖို့သွားနေရင်း ခန္ဓာကိုယ်ကလူတစ်ယောက်ဆီက ဆွဲခံလိုက်ရလို့အော်ဖို့ပါးစပ်ပြင်လိုက်တော့ လက်နဲ့အုပ်တာကိုခံလိုက်ရသည် ။

အလွတ်ရနေတဲ့ ကိုယ်သင်းနံ့ကြောင့်ဘယ်သူမှန်းသိလိုက်ကာ အုပ်ထားတဲ့လက်ဖဝါးရဲ့လက်စောင်းနားကို ကိုက်လိုက်တော့ နာလို့ထင်တယ် မျက်နှာတစ်ချက်ရှုံပြီး သူ့လက်ကိုဖယ်ပေးလာသည် ။

"ဘာလုပ်တာလဲ ချောင်ထဲခေါ်ပြီး"

"တိုးတိုးလေးပြောပါ.. ဆရာလေးဦးလေးကြားသွားရင် မကောင်းဘူး "

သူ့ကိုဘယ်ခေါ်လာတာလဲဆို ဦးလေးရုံးခန်းဘေးက ချောင်နေရာကျဉ်းကျဉ်းလေးဆီကို နေရာလေးက တကယ်ချောင်ကျကာ မြောင်းတစ်ခုလဲရှိတာကြောင့် မြောင်းနံ့ဆိုးတွေလည်းရသည်မို့ ...

𝗦𝗶𝗻𝗰𝗲_1950 {𝙰𝙽𝙱𝙸𝙽}Where stories live. Discover now