ဆောင်းလေအေးတို့ရဲ့ တိုက်ခက်ခြင်းကို ခံနေရတဲ့ ချယ်ရီပန်းလေးတွေမှာ နှင်းမြူတွေကြား လှပစွာ ပွင့်လန်းနေကြလေသည်...၊ ပန်းတို့ရောင်စုံ ပွင့်လန်းနေကြသည့် မေမြို့လေမှာ ချယ်ရီတို့ ပွင့်လန်းခဲ့တာ ဒီနေ့နဲ့ဆို ၃ရက်မြောက်ပင်ဖြစ်၏....
"လှိုင်ရေ မမနှင်း မာန်လေးနဲ့ မာန့်ဖေကြီး ကိုသွားနှိုးလိုက်ဦးမယ်နော်'' ဟု ကော်ဖီဖျော်နေသည့် ယောင်းမဖြစ်သူ ရနံ့လှိုင်အား ပြောကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်....
ဦးစွာ ခင်ပွန်းဖြစ်သူရှိရာ အခန်းသို့ဝင်သွားလိုက်ပြီး
"ကို ထတော့နော်'' ဟု နှဖူးလေးအား အနမ်းခြွေလျက် နူးညံ့စွာပြောလိုက်ချိန် အပြုံးတပွင့်ဖြင့် ခေါင်းငြိမ့်ပြကာ လက်များအား ဆန့်တန်းပေးလာ၏ဒေါ်နှင်းပွင့်ချိုက ပွေ့ထူးလိုက်မှ ထထိုင်ကာ
"ဘယ်နှနာရီ ရှိပြီလဲ မမ'' ဟု မေး၏"၇နာရီ ထိုးပြီသွားပြီ ကို
မျက်နှာသစ်ပြီးရင် ဆင်းခဲ့လိုက်နော်
နှင်း မာန်လေးကို သွားနှိုးလိုက်ဦးမယ်'' ဟုပြောပြီး သမီးဖြစ်သူ မာန်မမရှိရာအခန်းဆီ ထွက်ခဲ့လိုက်သည်"မာန်လေး မာန်လေး သမီးမာန်
ထတော့လေ" ဟု သမီးဖြစ်သူ မာန်မမအား နူးညံ့ညှင်သာသော လေသံဖြင့် နှိုးသည်"မာန် အိပ်ချင်သေးတယ် မေမေ" ဟုပြောကာ စောင်တွေထဲခေါင်းဝင်သွားသူလေးကို
"၇နာရီ ထိုးပြီးသွားပြီလေ မာန်လေးရဲ့
ထတော့ မဟုတ်ရင် မေမေ ပြတင်းပေါက်တွေဖွင့်လိုက်မယ်နော်" ဟုဆိုကာ ထရပ်လိုက်မှ"ထပြီ ထပြီ" ဟုပြောကာ ခေါင်းဖော်လာလေ၏...မေမြို့သူဖြစ်ပြီးတော့မှ အအေးကြောက်သည့် သမီးကို ကြည့်ကာပြုံးလိုက်ပြီး
"မြန်မြန်ဆင်းခဲ့နော် မာန်လေး
တီလှိုင်က မနက်စာပြင်ပြီးနေလောက်ပြီ
ကြားလား""ဟုတ်"
"မမနှင်း မနက်ဖြန်ချယ်ရီတွေ သွားကြည့်မှာလား" ဟု ကောက်ညှင်းပေါင်းများကို ပန်းကန်ထဲထည့်ရင်းမေးသည့် လှိုင်
"အင်း သွားကြည့်မယ် လှိုင်
မာန့်ဖေကြီးက မနက်ပိုင်း အလုပ်ပါးတယ်တဲ့
လှိုင်လဲ လိုက်မှာမလား" ဟု အကြော်များကို ပန်းကန်ထဲထည့်ရင်းမေးလိုက်သည်
YOU ARE READING
ဖြူ
Romanceအိမ့်ခတ္တာဖြူတဲ့ တီလှိုင် ကြိုက်တဲ့ ပန်းနာမည်ပဲ ၊ မာန်ကတော့ 'ဖြူ'လို့ပဲ ခေါ်ချင်မိတယ်၊ ဘာလို့ဆို သူရဲ့ မျက်ဝန်းတွေနဲ့ အပြုံးတွေက ဖြူစင်နေလို့ ခေါ်ချင်မိတာ......၊ မာန်မမ x x x x x x x x x x x x x x x x x x x x x...