အပိုင်း ၂

66 6 0
                                    

December လရဲ့ အအေးဓာတ်တို့မှာ ထိုမြို့လေး၌ အကဲပိုနေသည်ဟုပင်ပြောရလောက်သည်...ဒီနေ့မနက်ပိုင်း တိုင်းရင်းသားကျေးရွာထဲတွင် ချယ်ရီပန်းပွင့်များကို အမြတ်တနိုးကြည့်ကြမည့် မာန်မမတို့ မိသားစုမှာလဲ အနွေးထည်ထူထူ လက်အိတ် ခြေအိတ်နဲ့ အနွေးဦးထုပ်တို့ကို ပြည့်စုံစွာ ဝတ်ထားကြရသည်၊ မာန်မမသည်မှာပင် အနီရောင်ဆွယ်တာ အနီရောင်ဦးထုတ်နဲ့ စတော်ဘယ်ရီ အနီရဲရဲလေနှင့်ပင်တူလို့နေသည်၊

မာန်မမတို့ တိုင်းရင်းသားကျေးရွာသို့ မနက်၆နာရီတွင် ရောက်ရှိခဲ့သည်...မနက်ခင်းပိုင်းလမ်းထလျှောက်သူများ အလည်အပတ်လာကြသူများ နှင့် စည်ကားနေလေသည်...၊
ဆောင်းလေအေးတသုတ် တိုက်ခတ်လိုက်သည်နှင့် မာန်မမမှာ ကျုံ့ကျုံ့ကလေးဖြစ်သွားတတ်တာမို့ မေမေက အနားတိုးလာကာ ဖက်ပေးသည်....

မြူနှင်းတို့အုံ့မှိုင်းနေသော ဒီအချိန်တွင်မူ ပန်းများမှာ အလှကိုယ်စီဖြင့် လှပနေကြသည်မှာ ပန်းကမ္ဘာထဲသို့ ရောက်သွားသလားဟုပင် ထင်မှတ်စေသည်..အရှေ့ရှိ ဖေဖေနဲ့ တီလှိုင်မှာ စကားပြောကာသွားနေကြတာကို တွေ့တော့ မာန် မေမေကို မော့ကြည့်ကာ

''မေမေ ဖေဖေနဲ့ တီလှိုင် ဘာပြောနေကြတာလဲ''

မေမေက ဖေဖေတို့ကို လှမ်းကြည့်လိုက်ရင်း
''ဘာပြောနေလဲ မေမေသိပေမဲ့ အခုတော့ ပြောလို့မရသေးဘူး မာန်လေးရဲ့ ၊ ပြောလို့ရတဲ့ အချိန်ရောက်ရင် မေမေပြောပြမယ်နော်''

''ဟုတ်ကဲ့ မေမေ''
ဒါ​က မေမေ မာန်မမအား ငယ်စဥ်အရွယ်ထဲက အကျင့်လုပ်ပေးခဲ့သည့်အရာ တခုပင် ၊
မာန်မမ သိချင်တာ ရှိလျှင်မေးနိုင်သည်...၊ မေမေက ပြောပြသင့်တာဆို ပြောပြပြီး
မာန်မမ နားမလည်ပါက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြတတ်လေ့ရှိသည်...အခုလဲ မေမေပြောပြမည့် အချိန်ထိ မာန်မမစောင့်ပေးရမည်ဖြစ်သည်

ချယ်ရီပန်းပင် ၃ပင်လောက် စီကာပွင့်နေသော နေရာရောက်တော့ မေမေအပြုံးတွေ ပိုမိုတောက်ပသွားသည်ဟု မာန်ထင်လိုက်သည်...

''မမ'' ဟုခေါ်ကာ လှည့်ကြည့်လာတဲ့ ဖေဖေက လက်ကမ်းလေတော့ မေမေက ခြေလှမ်းများကို မြန်မြန်လျှောက်သွားသည်မို့ မေမေလက်ကို ဆွဲကိုင်ထားသော မာန်မမကပါ လိုက်ပါသွားရသည်...

ဖြူWhere stories live. Discover now