အပိုင်း ၇

72 11 0
                                    

ဖြူရဲ့ ဒီအပြုံးတွေကို မာန်သဘောကျမိသည် ဖြူဒီလိုပြုံးနေတိုင် မာန်က မျက်တောင်မခက်ပဲ ထိုင်ကြည့်နေချင်မိတာ ၊ ဖြူ့အပြုံးတွေကို ကြည့်ရတာက ပန်းချီဆွဲချိန်တွင် ဖြစ်လာတတ်သော ခံစားချက် လိုပင် ၊
မာန်သဘောကျမိသည်.....

ထိုးမုန့်တွေကို စားနေတဲ့ မမကို ခတ္တာဖြူကြည့်နေမိတာ ခဏ ခဏပင် ၊ ပုံဆွဲတဲ့ ခဲတံထက် ထိုးမုန့်ပန်းကန်ထဲက ဇွန်းကိုသာ တချိန်လုံး ကိုင်ထားသည်...ခတ္တာဖြူမှာတော့ ထိုးမုန့် တဖက်စားပြီးရင် အီနေတတ်တာကြောင့် များများမစားနိုင်ပေ ၊ မမသည် မိသားစုထဲတွင်သာ အလိုလိုက်ခံရတာမဟုတ်ပဲ ဆွေမျိုးတွေကအစ အားလုံးက အလိုလိုက်ကြသည် ၊ ကြီးကြီးနှင့် စကားပြောရင်း စိတ်ဆိုးကာထရပ်တဲ့ မမကြောင့် ခတ္တာဖြူ အနည်းငယ် စိုးရိမ်သွားမိသည် ၊

အကြောင်းမှာ ဆရာမတို့နှင့် အတူနေကြချိန်တွင် ဆရာမသမီးဖြစ်သူ နန်းသည် မိဘတွေ အဖွားတွေကို စိတ်ဆိုးလျှင် ခတ္တာဖြူကိုပါ ရန်ရှာတတ်ပြီး အိမ်ကနေမောင်းထုတ်သောကြောင့်ပင်.... ၊ ဒါကလည်း ဆရာမတို့က ခတ္တာဖြူရဲ့ သိတတ်ပုံများ ကြိုးစားပုံများကို သဘောကြပြီး သနားတာတွေပါ ပေါင်းကာ အကောင်းအမြဲပြောကာ နန်းကို ခတ္တာဖြူလိုနေဖို့ အမြဲပြောတာတွေကြောင့် ခတ္တာဖြူအား သဘောမကျခြင်းများသာ ဖြစ်သည်.... မမကတော့ နန်းနဲ့ မတူခဲ့ပါ

ထိုးမုန့်စားရင် ချောင်းဆိုးလေတဲ့ မမ
''အဟွတ် အဟွတ် အဟွတ်''

''မမ ဘာဖြစ်လို့လဲ'' ဟု စိုးရိမ်တကြီး အနားသွားရပ်ကာ မေးမိသည်

''ရေ ရေ'' ဟူသော မပီမတ ထွက်လာတဲ့ အသံကြောင့် ကုတင်ဘေးရှိ ရေဘူးလေးအား ပြေးယူကာ မမ ကိုပေးလိုက်သည်

''ရရဲ့လား မမ'' ဟု ကျောလေးကို လက်ဖြင့်ဖိပေးရင်းမေတော့

''ရတယ်
ထိုးမုန့်ထဲက မြေပဲစံကို မဝါးပဲ မြိုချမိလို့ နင်သွားတာ'' ဟု ရီကာပြောတော့မှ

''မမကတော့ ဖြစ်ရမယ်
ထိုးမုန့်ကိုလည်း ဖြေးဖြေးစားပါ မမရဲ့''

''အင်းပါ
ဖြူကရော ဘာလို့ နည်းနည်းပဲစားတာလည်း မကြိုက်ဘူးလား''

ဖြူWhere stories live. Discover now