''မာန် ဖြူ့ခေါင်းမှာ ပန်ပေးမယ်'' ဟုပြောကာ ပန်း၃ခတ်ကို ယူပြီး နားအနောက်လေးတွင်း ကလစ်လေးဖြင့် ပန်ပေးလိုက်သည် ၊ စကပ်အဝါရောင် အင်္ကျီအဖြူကိုဝတ်ကာ ဆံပင်တဝက်စည်းထားတဲ့ ဖြူက ပိတောက်ပန်းဝါဝါ အပြုံးချိုချိုတွေဖြင့် လှလို့နေခဲ့လေသည်..၊
ထိုနေ့ည.....
ညှိုးနွမ်းစပြုနေပြီဖြစ်တဲ့ ပိတောက်ခတ်တွေကိုကြည့်နေသော ခတ္တာဖြူရဲ့ မျက်ဝန်းတို့မှာ ကြည်လဲ့ကာ တောက်ပနေသည် ၊ မေမေပေးထားခဲ့သော မှတ်စုစာအုပ်လေးကို အံဆွဲထဲက ထုတ်လိုက်ကာ မေမေ့လက်ရေးများ ဆုံးသွားသည့် စာရွက်လွတ်ကြားတွင် ထို ပိတောက်ခတ်လေးများကို ညှင်သာစွာ ထည့်လိုက်သည် ၊ ထို့နောက် ဘောပင်ယူကာ ရေးချလိုက်သော စကားလုံးများ.....
ဒိုင်ယာရီ ဆိုတာကို ခတ္တာဖြူ မရေးတတ်ပေမဲ့ မေမေရေးထားတာတွေကိုဖတ်ပြီး သူလည်းရေးကြည့်ခဲ့တာ အခုဆို စာမျက်နှာ ၅ရွက်မြောက်ပင်ရှိလေပြီ ၊ မေမေပေးခဲ့စဥ်တုန်းက စာအုပ်ထဲတွင် ဖေဖေနှင့်ပတ်သတ်သော အကြောင်းများသာပါမည်ဟု ထင်ခဲ့ပေမဲ့ မဟုတ်ခဲ့ပါချေ ၊ ဒီစာအုပ်လေးက မေမေသည် ဖေဖေနဲ့ အတူရှိတဲ့ နေ့ရက်တွေကိုရေးခဲ့တာမဟုတ်ပဲ မေလှိုင်ကို ရင်ဖွင့်သကဲ့သို့ ရေးခဲ့သော စာများသာဖြစ်နေလေသည်.....
စာမျက်နှာတိုင်းတွင် ဖေဖေ့ နာမည် မပါတာရှိခဲ့ပေမဲ့ ''မမလှိုင်ရေ'' ဆိုတဲ့ နာမည်လေးကတော့ အမြဲပါနေခဲ့သည် ၊ ဒါကို သိချင်လို့ ခတ္တာဖြူ မေမေ့ကို မေးခဲ့ဖူး၏
''မေမေ မမလှိုင် ဆိုတာ ဘယ်သူလည်းဟင်'' ဆိုပြီးတော့ပေါ့ ၊ ဒီလိုမေးတော့ မေမေက
''မမလှိုင် ဆိုတာ မေမေ့ဘဝမှာ တန်ဖိုးထားလေးစားရတဲ့ အမျိုးသမီးတယောက်ပေါ့'' ဆိုပြီးပြန်ခဲ့လေတယ် ၊မေမေ ရေးထားတဲ့ တချို့စာတွေကို ခတ္တာဖြူ နားမလည်ပေမဲ့ မမလှိုင် ဆိုတဲ့ မေလှိုင်က မေမေအတွက် သိပ်ကိုအရေးပါတဲ့လူဖြစ်ကြောင်း ဒီစာအုပ်ကို ဖတ်စဥ်ထဲက ခတ္တာဖြူ သိခဲ့ရပါတယ်၊ စာအုပ်ရဲ့ တဝက်က မေမေ့ရဲ့လက်ရေးတွေနဲ့ ဆိုရင် ကျန်တဝက်က ခတ္တာဖြူရဲ့ လက်ရေးတွေ ဖြစ်စေတော့မည်....၊
YOU ARE READING
ဖြူ
Romantikအိမ့်ခတ္တာဖြူတဲ့ တီလှိုင် ကြိုက်တဲ့ ပန်းနာမည်ပဲ ၊ မာန်ကတော့ 'ဖြူ'လို့ပဲ ခေါ်ချင်မိတယ်၊ ဘာလို့ဆို သူရဲ့ မျက်ဝန်းတွေနဲ့ အပြုံးတွေက ဖြူစင်နေလို့ ခေါ်ချင်မိတာ......၊ မာန်မမ x x x x x x x x x x x x x x x x x x x x x...