အပိုင်း ၁၂

40 5 0
                                    

ဒါပေမဲ့လည်း မမရဲ့ မှာတမ်းတွေကတော့ တရက်မှ မပျက်ခဲ့ရပါ...၊ ကျောင်းဝန်းထဲ မဝင်ခင်တိုင်း ထိုစကားများကို သေချာမှာနေခဲ့သည်မှာ ဖြူပင် အလွတ်ရခဲ့သည် အထိပင်....

အခုရက်ပိုင်း မာန့်အတွေးတွေကို စိုးမိုးနေသော အရာ တခုရှိသည် ၊အဲ့ဒါက ဖြူ့မွေးနေ့မှာ ဘာလက်ဆောင်ပေးရင် ကောင်းမလဲ ဆိုတာပင်...၊ကျောင်းအပ်သည့် နေ့ထဲက မာန် သိခဲ့တဲ့ ဖြူ့မွေးနေ့က ဒီအပတ်တနင်္ဂနွေနေ့ ဖြစ်၏..ဘာမှပင် မလိုတော့ ၂ရက်နေရင်ပဲ ရောက်တော့မည်.. မာန်မှာ ဘာလက်ဆောင်ပေးရမည်ကို အခုထိ စဉ်းစားလို့ မရသေးပေ...နောက်ဆုံးတော့လည်း သူငယ်ချင်း ၂ယောက်ကိုသာ အကြံဉာဏ်တောင်းရတော့သည်....

''ဇွန်ထက်ဝေ''

''အင်း''

''ငါမေးစရာ ရှိလို့''

''ပြောလေဟာ'' ကျောက်သင်ပုန်းက စာကို ကူးရာကနေ ပြောနေလေသည်

''မွေးနေ့လက်ဆောင် ပေးရင် ဘာတွေပေးတတ်ကြလည်း သိလား''

ဇွန်ထက်ဝေက မာန့်ကို တချက်လှည့်ကြည့်ပြီး

''မွေးနေ့ရှင် ကြိုက်လောက်မဲ့ ပစ္စည်းကို ပေးပေါ့'' ဟုဆိုကာ စာသာဆက်ကူးနေသည်

''ဖြူဘာကြိုက်လည်း ငါမှ မသိတာ'' လို့သက်ပြင်းချကာ ပြောလိုက်တော့

''ခတ္တာဖြူ မွေးနေ့အတွက်လား'' ဟုအမေးတော်ရှိလာ၏ ၊ မာန်က ခေါင်းသာငြိမ့်ပြလိုက်သည်

''နင်တောင် မသိတာ ငါကဘယ်လိုလုပ် သိမလည်း မာန်မမရဲ့ ၊နင့်ရဲ့ ဖြူအကြောင်း နင်ပဲ သိမှာပေါ့'' ဟု မျက်စောင်းတချက်ဖြင့် ဆိုလာလေသည်

''ဒီနှစ်ယောက် ဘာဖြစ်နေကြတာလဲ''
ဆရာမကို နားနေခန်းသို့ လိုက်ပို့ကာ ပြန်လာတဲ့ ယမှုံက မေးလေတော့

''ဒီမှာလေ ရိုင်ဟာနာလ်ရယ်
ခတ္တာဖြူကို မွေးနေ့လက်ဆောင်ပေးဖို့ကို ငါ့ကိုလာမေးနေတယ်လေ''

မာန်မှာ ဖြေချိန်ကို မရလိုက် ၊ဇွန်ထက်ဝေက အရင် သတော်ဦးတင်လေသည်

''အော် ဟုတ်လား
ခတ္တာဖြူ မွေးနေ့က ဘယ်ရက်မလို့လဲ မာန်''

''တနင်္ဂနွေနေ့ဟ''

ဖြူWhere stories live. Discover now