တီလှိုင်ကို တွဲကာ ဧည့်ခန်းထဲက ထွက်သွားသူကို ကြည့်ပြီး TVဆီအကြည့်ရောက်တော့ စင်ဒရဲလားမင်းသမီးလေးက ကပွဲခန်းမတွင် မင်းသားလေးကို ထားကာ ထွက်ပြေးနေသည့် အခန်းဖြစ်၏ ၊ မာန် တီဗီထပိတ်ပြီး စတော်ဘယ်ရီ ခြင်းလေးတွေယူကာ မီးဖိုချောင်ဆီ ထွက်လာလိုက်တော့သည်.....၊
ညဦးလေပြေနှင့်အတူ ခတ္တာရဲ့စိတ်များမှာ မနက်တုန်းက အချိန်တွေဆီလွင့်မြောနေလေသည် ၊ နူးညံ့နေခဲ့သော လက်ချောင်းလေးတွေရဲ့အထိအတွေ့ က ခတ္တာထိတွေ့ဖူးသည့် လက်များစွာထဲမှ အနူးညံ့ဆုံးဟု ဆိုရပေမည် ၊ ခြေကောက်ဝတ်လေးကို ညှင်သာစွာ ထိတွေ့မိသည့်အခါ ကိုယ့်လက်၏ ကြမ်းတမ်းမှုများသာ ခံစားရသည်...ထိုအချိန် ဆေးဗူးနှင့် ပတ်တီးကို ကိုင်ကာ မေလှိုင် အခန်းထဲဝင်လာသည် ၊ကုတင်ပေါ်ရှိ ခတ္တာရဲ့ ဘေးတွင်ဝင်ထိုင်ကာ
''ခတ္တာလေး ခြေထောက်က နာနေသေးလား'' ဟု ဂရုဏာအသံဖြင့် မေးလာသည်
''နည်းနည်း မေလှိုင်'' ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်တော့
''ဒါဆို ပိုပြီးသက်သာသွားအောင် မေလှိုင် ဆေးလိမ်းပြီး သေချာနှိပ်ပေးမယ်နော်'' ပြောကာ ခတ္တာရဲ့ခြေထောက်အား သူမရဲ့ပေါင်ပေါ်ကို တင်လိုက်သဖြင့်
''ကန်တော့နော် ကန်တော့'' ဟု လက်အုပ်လေးချီကာ ပြောလိုက်တော့ သဘောကျသွားဟန်ဖြင့် ပြုံးပြရင်
''သာဓုကွယ် သာဓု'' ဟုပြောလေသည် ၊
ထိုစကားကြောင့် ခတ္တာက ကြောင်တောင်တောင်ဖြင့် မေလှိုင်ကို ကြည့်လေတော့ မေလှိုင်က သဘောပေါက်စွာ ရယ်လေသည် ၊ ထိုအခါ ခတ္တာလဲ လိုက်ရယ်မိသည်..''ဒေါက် ဒေါက်'' တံခါးခေါက်သံနှင့်အတူ ဦးမာန်က အခန်းကို ဖွင့်လိုက်သည် ၊ ထိုအချိန်တွင် မေလှိုင်က ခတ္တာခြေထောက်ရှိ ပတ်တီးအား ဖြည့်လို့ပြီးသွားလေပြီ
''အကိုထက်မာန်''
''ဆေးလိမ်းပေးတော့မှာလား လှိုင်''
''ဟုတ်တယ် အကိုထက်မာန်'' ဟုပြောက ဆေးအနည်းငယ်ကို လက်ခလယ်ဖြင့်ယူကာ ခတ္တာရဲ့ ခြေထောက်များအပေါ်တင်လိုက်သည်
YOU ARE READING
ဖြူ
Romanceအိမ့်ခတ္တာဖြူတဲ့ တီလှိုင် ကြိုက်တဲ့ ပန်းနာမည်ပဲ ၊ မာန်ကတော့ 'ဖြူ'လို့ပဲ ခေါ်ချင်မိတယ်၊ ဘာလို့ဆို သူရဲ့ မျက်ဝန်းတွေနဲ့ အပြုံးတွေက ဖြူစင်နေလို့ ခေါ်ချင်မိတာ......၊ မာန်မမ x x x x x x x x x x x x x x x x x x x x x...