အပိုင်း ၁၃

25 5 0
                                    

တိမ်တွေက ဖြူဖွေးနေကြသည်...၊ ကောင်းကင်ကြီးက ပြာလဲ့နေခဲ့သည် ၊ဖေဖေနဲ့ မေမေ့ရဲ့ နှုတ်ခမ်းဖျားထက်မှာလည်း အပြုံးပန်းတို့ ဝေဆာခဲ့ကြလေသည်...

နှင်းဆီပန်း ၉ပွင့်ဖြင့် လှပနေသော ပန်းအိုးလေးမှာ ဧည့်ခန်းအလယ်ရှိ စားပွဲလေးပေါ်တွင် နေရာယူထားလေသည်...၊ ထိုပန်းအိုးလေး ရှေ့တွင်ထိုင်ကာ မွေးနေ့ကိတ်ကို ကြည့်နေကြသော ကလေးမလေး နှစ်ဦး...

အဖြူရောင်ခရမ်ပေါ်၌ ''အိမ့်ခတ္တာဖြူ အသက် ၁၃နှစ်'' ဟူသော စာတန်းလေးကို အနီရောင်ခရမ်များဖြင့်ရေးသားထားကာ ချယ်ရီသီးကလေးများဖြင့် ဘေးပတ်ပတ်လည်အား အလှဆင်ထားလေသည်...

''မမ ဒီအလုံးလေးတွေက စားလို့ရတာလား'' ဟုချယ်ရီသီးတွေကို လက်ညှိုးထိုးပြကာ မေးလာတဲ့ ဖြူ့အား

''စားလို့ရတာပေါ့ ဖြူရဲ့'' လို့ရယ်ကာဖြေတော့

''အော်'' ဟူသော တုံ့ပြန်သံလေးသာ ထွက်ပေါ်လာကာ ချယ်ရီသီးများကို ထိကြည့်နေလေတော့သည်.. ၊ဒါကို မာန်က ဘေးကနေ ကြည့်ပြီး သဘောတကျ ပြုံးနေမိ၏ ၊ ဖြူရဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ဒီလိုအမူအရာလေးတွေက မာန်ဝတ်ခိုင်းထားသော အဖြူရောင်ဆွဲသားဂါဝန်လေးနဲ့ သိပ်ကိုပဲ လိုက်ဖက်လွန်းလှလေသည်

''မေမေတို့ကလည်း ဆင်းမလာကြသေးဘူး''

''ဖြေးဖြေးပေါ့ မမကလည်း
ဘယ်သူ့ကိုမှ ဖိတ်မထားတော့ ဘယ်အချိန်စ စရတာပဲလေ''

''မရပါဘူး ဖြူကလည်း
မာန်က ကိတ်စားချင်နေပြီ ၊ဖြူရော မစားချင်ဘူးလား''

မမက ဒီလိုမေးလာတော့ ဖြူ့မှာ ကိတ်မုန့်ကို တချက်လှည့်ကြည့်ပြီး

''စားချင်တယ်'' ဟုဖြေလိုက်သည်...ထိုအခါ နှစ်ယောက်သား ကိတ်ဆီသို့ ခေါင်းချင်းဆိုင်ကာ အကြည့်များပြန်ရောက်သွားကြ၏

''အမလေးနော်
ခေါင်းတွေလည်း မွေးနေ့ကိတ်ထဲကိုဝင်သွားကြဦးမယ်'' ဆိုကာ ဧည့်ခန်းထဲဝင်လာတဲ့ မေလှိုင့်ကြောင့် ဖြူနဲ့မမက နောက်သို့ဆုတ်လိုက်ကာ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်

''ခေါင်းတွေပဲ မဟုတ်ဘူး တီလှိုင်ရဲ့ တကိုယ်လုံးဝင်သွားတော့မှာ.... မေမေနဲ့ ဖေဖေရော ဆင်းမလာကြသေးဘူးလား ၊ မာန်လေးနဲ့ ဖြူက ကိတ်စားချင်နေပြီ''

You've reached the end of published parts.

⏰ Last updated: 17 hours ago ⏰

Add this story to your Library to get notified about new parts!

ဖြူWhere stories live. Discover now