အပိုင်း ၁၁

53 8 2
                                    

ဒါကို အပေါ်ကကြည့်နေကြတဲ့ မာန်နဲ့ ဖြူ့ကိုတော့ ထိုလူသားနှစ်ဦး သတိမထားမိကြပေ..

''ဟာ မာန်မမတို့က ရောက်နေပြီလား''

''အင်း
နင်တို့ နှစ်ယောက်က ဘာလို့ နောက်ကျနေတာလည်း''

''မမထက်က ပျိုးပင်တွေ ဝင်ပို့နေလို့ဟ
ယမှုံက ကျတော့ သူ့အဖေလိုက်ပို့လို့'' ဟုပြောပြကာ အတန်းထဲဝင်သွားကြလေသည်

''မမ ဖြူ ရေသောက်ချင်တယ်''

''မာန် လွယ်အိတ်ထဲမှာ ရေဘူးက
သွားယူပေးမယ်''

''ရပါတယ် မမရဲ့
ဖြူ့ သွားသောက်ပါ့မယ်'' ဟုပြောကာ အခန်းထဲဝင်ခဲ့လိုက်၏

''အိမ်စာတွေ ပြီးခဲ့ရဲ့လား ဇွန်''

''ပြီးခဲ့ပါတယ်''
ဟုပြောကာ လွယ်အိတ်ထဲက ပိုက်ဆံယူနေလေသည်..ဖြူ ကိုမြင်တော့

''ဘာလာယူတာလည်း ခတ္တာဖြူ'' ဟုမေး၏

''ရေလာသောက်တာ'' လို့ပြန်ဖြေကာ ရေဘူးယူလိုက်သည်

''ငါတို့ အရှေ့ကနေ စောင့်မယ်နော်'' ဟုပြောကာ နှစ်ယောက်သား အခန်းပြင် ထွက်သွားကြသည် ၊ ဖြူ ရေဘူးကို မမလွယ်အိတ်ထဲ ပြန်ထည့်ပေးကာ မမတို့ဆီ လျှောက်လာလိုက်သည် ၊ ဖြူကို ဝင်တိုက်ကာ လျှောက်သွားတဲ့ မိန်းခလေး...ပြောသွားသေးသည်က

''ရုပ်ကိုက ရွံစရာကြီး'' ဟုပင်
ဖြူ မကြားသလိုသာ နေလိုက်ကာ မမကို ပြုံးပြလိုက်သည်

''လာ မုန့်သွားဝယ်ကြရအောင်'' ဟုပြောတဲ့ ဇွန်ထက်ဝေ

''သွားကြမယ်'' ဟု ဇွန်ထက်ဝေလက်ကို တွဲကာ အရှေ့က ဦးဆောင်ကာ ထွက်သွားကြလေသည်

''သွားရအောင်လေ'' ဟု လက်ပေးကာပြောတဲ့ မမ

''အင်း'' ဟုခေါင်းငြိမ့်ပြကာ မမရဲ့ လက်ကိုကိုင်ပြီး ထွက်လာခဲ့လိုက်သည် ၊ လမ်းမှာ ယိမ်းနဲ့ သုသု ကိုပါတွေ့ပြီး ၆ယောက်သား မုန့်စျေးတန်းဆီ ဦးတည်ခဲ့ကြသည်

''အားလုံး အိမ်စာထပ်ပြီးမှ ထမင်းစားဆင်းရမယ်.. ကြားကြလား''

''ကြားပါတယ် ဆရာမ''

''ယိမ်း ဒီတပုဒ် တွက်ခဲ့လား''

''တွက်ခဲ့တယ်လေ''

ဖြူWhere stories live. Discover now