အခန်းထဲမှာ ကျန်ခဲ့သော ပန်းလေးတပွင့်မှာတော့ ကျယ်လွန်းပြီး သပ်ရပ်နေသောအခန်းကိုကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်လို့ နေလေတော့သည်...ဒါတွေက သူအတွက် သိပ်ကို ပြည့်စုံလွန်နေခဲ့သည်ထက် ပိုလို့နေလေတော့သည်ဟု သူတယောက်ထဲ တွေးနေလေတော့၏...
အခန်းက ခတ္တာနေခဲ့သော ဆရာမနန်းတို့အိမ်က အခန်းထက်ပင် ကျယ်နေသည် ၊ ကုတင်က နှစ်ယောက်အိပ်လို့ပင်ရသည့်ဟန် နောက်ပြီး စာရေးစာပွဲ ၊ အဝတ်ထည့်ဗီရို ၊ မှန်တင်ခုံ တို့ကလဲ သူ့နေရာနှင့်သူ နေရာယူလို့ထားသည်...၊ အခန်းကို သေချာလိုက်ကြည့်နေသည့် ခတ္တာ၏ စိတ်အစဥ်တို့ကို ပြတင်းပေါက်တဖက်တွင် ရှိနေသော ပန်းအိုးများက စိုးမိုးသွားလေသည်...
ပြတင်းပေါက်အနားကို ခပ်ဖြေးဖြေးလျှောက်သွားပြီး ပန်းအိုးတွေအား သေချာအောင်ထပ်ကြည့်မိသည်...
သေချာသည် ၊ ဒါခတ္တာပန်းအိုးတွေပင်....
မေမေစိုက်တဲ့ ခတ္တာပင်နဲ့ ကွာခြားမှုအနည်းငယ်ရှိနေပေမဲ့ ဒါခတ္တာပန်းပင်မှန်း မြင်တာနဲ့ သိ၏ထိုအချိန်မှာ အခန်းတံခါးခေါက်သံကို ကြားလိုက်သဖြင့် အနောက်ကို လှည့်လိုက်သည်...
''ခတ္တာလေး'' ဟုခေါ်ကာ နွေးထွေးသော အပြုံးတို့နှင့် ထိုအမျိုးသမီးက ခတ္တာရှိရာသို့ လျှောက်လာလေသည်
''မေလှိုင် ပြင်ထားပေးတာ အဆင်ပြေရဲ့လား
ခတ္တာလေး'' ဟု ပုခုံးပေါ်လက်တဖက်တင်ကာ မေးသည်''ဟုတ်ကဲ့ မေလှိုင်'' ဟုအပြုံးတပွင့်ဖြင့် ပြန်ဖြေလိုက်သည်
''ဒါဆို ခတ္တာလေး နားလိုက်ဦးနော်
မေလှိုင်လဲ သွားနားလိုက်ဦးမယ်'' ဟုပြောသော မေလှိုင့်ကို တံခါးဝထိလိုက်ပို့လိုက်သည် ၊ အနည်းငယ် ခရီးပန်းလာတာကြောင့် ခတ္တာလဲ ခဏလောက် အိပ်ချင်သည်ကုတင်ပေါ် တက်လှဲကာ မျက်လုံးများကို မှိတ်လိုက်သည်... နွေးထွေးသော ခံစားမှုတို့ကို ခံစားနေရသလိုပင်....
''အန်တီရနံ့လှိုင်က သမီးကို မွေးစားချင်တယ်လို့ ဆရာမနန်းကို ပြောလာတယ် ခတ္တာ'' ဟု
ပြင်ဦးလွင်မြို့က ပြန်ရောက်ပြီး မကြာ ဆရာမနန်းက ခတ္တာကို အသိပေးပြောပြလာသည်
YOU ARE READING
ဖြူ
Romansအိမ့်ခတ္တာဖြူတဲ့ တီလှိုင် ကြိုက်တဲ့ ပန်းနာမည်ပဲ ၊ မာန်ကတော့ 'ဖြူ'လို့ပဲ ခေါ်ချင်မိတယ်၊ ဘာလို့ဆို သူရဲ့ မျက်ဝန်းတွေနဲ့ အပြုံးတွေက ဖြူစင်နေလို့ ခေါ်ချင်မိတာ......၊ မာန်မမ x x x x x x x x x x x x x x x x x x x x x...