Part 3

2K 53 2
                                    

Part 3

"ဒါဆို Mr ၀မ်ရိပေါ်က ပြန်ခေါ်သွားလို့ရပါပြီး ကျွန်တော်တို့ဘက်က သက်သေမခိုင်လုံဘဲ အခုလိုဖြစ်သွားတဲ့အတွက်လည်းတောင်းပန်ပါတယ် "
"ခံ၀န်ထိုးပေးဖို့လိုသေးလား "
"အပြစ်မရှိတာကြောင့် မလိုပါဘူး "
"ဒါဆို ခွင့်ပြုပါအုံး "
"ဟုတ်ကဲ့ပါ "

"တောက်စ်...."
ရဲစခန်းထဲကထွက်လာတဲ့အချိန်ထိဒေါသမပြေသေးတဲ့ ‌ရိပေါ်ကြောင့် ဟောက်ရွှမ်း ညိမ်ညိမ်လေးလိုက်လာတယ်။ ကားပေါ်ရောက်တဲ့အထိစကားတစ်ခွန်းမှမဆိုသေးတဲ့‌လေထုက ဟောက်ရွှမ်းကိုယ် AC ဖွင့်ထားတဲ့ကြားကချွေးပြန်စေတယ်။ ဒီတစ်ကြိမ်သူ့ဘက်က မမှားတာတောင် ရဲစခန်းထိရောက်လာတာကြောင့် ကစ္စကထင်သလောက်လွယ်မယ်မထင်ဘူး ။
"အဟမ်းးး ဟောက်ရွှမ်း ဘယ်လိုဖြစ်တာလည်း ကောကိုယ်ပြောပြ"
တိတ်ဆိတ်နေတဲ့လေထုက ရှောင်းကျန့်စကားသံကြောင့် နည်းနည်းအဆင်ပြေသလောက်ရှိမယ်ထင်တာဘဲ။ ရိပေါ်က တစ်ယောက်ထဲရှိတဲ့ညီ၀မ်းကွဲဟောက်ရျွမ်းနဲ့အနေဝေးပင်မဲ့ လိုလေစိတ်မရှိအောင်အလိုလိုက်တာအားလုံးအသိဘဲ။ အခုရဲစခန်းရောက်လာတာ ဒေါသထွက်လည်းထွက်ချင်စရာပါ။

"ရှောင်းကျန့်ကော ကျွန်တော်တစ်ကယ်မလုပ်ပါဘူး "
"မင်းမလုပ်ဘဲ တိုင်တဲ့သူကရှိမလား ! အခုတော့ရဲစခန်းထိတောင်ရောက်လာရတယ် တောက်စ် ၀မ်ဟောက်ရျွမ်းး မင်းကိုယ်ဘာပြောထားလည်း ကြိုက်သလောက်ဆိုးလို့ရတယ် ဘ၀ပျက်မဲ့ မူးရစ်ဆေးတွေကိုယ် ရှောင်ရမယ်လို့ ငါ့မပြော‌ထားဘူးလား ဘာလည်း မင်းကငါ့စကားကိုယ်စောက်ဂရုမစိုက်တဲ့သဘောလား "
"အဲ့လိုမဟုတ်ပါဘူး ကျွန်တော် တစ်ကယ်.."
"မင်းမလုပ်ဘူးပြောအုံးမလို့လား မင်းမလုပ်ရင် .."
"၀မ်ရိပေါ် ! မင်းပါးစပ်ခဏပိတ်ထားစမ်းပါ ငါမေးနေတယ်လေ မင်းကြောင့် ကလေးကလန့်နေပြီး "
"ကျစ်... "

"ဟောက်ရွှမ်း မင်းအကိုကိုယ်စိတ်ထဲမထားနဲ့သူကမင်းကိုယ် စိတ်ပူလိုပါ ကောကိုယ်သေချာရှင်းပြ ဘယ်လိုဖြစ်တာလည်း "
"ကျွန်တော်တစ်ကယ်မလုပ်တာပါ အဲ့အထုတ်ကကားပေါ်ဘယ်လိုရောက်လာမှန်းမသိဘူး ပြီးတော့ ဒါနဲ့ဆို ၃ ကြိမ်လောက်ရှိပြီး "
"ဘာ ! "
"ဟုတ်တယ် ကျွန်တော်က ဒီတိုင်း‌ လူမှားတယ်ထင်တာ အခုမှကျွန်တော်ကိုယ်ချောက်ချချင်မှန်းသိတယ် ပြီးတော့ ကားတစ်စီးကျွန်တော်အနောက်လိုက်နေတာ တစ်လလောက်ရှိပြီး အစကသတိမထားမိပါဘူး နောက်မှကားနံပါတ်တစ်ခုထဲကလိုက်နေတာ ဘယ်နေရာသွားသွားပါလာလို့ သတိထားမိတာ "
"မင်းအဲ့ကစ္စတွေ ဘာလို့ငါ့ကိုယ်မပြောလည်း ! ငါကိုယ်စောက်သုံးမ၀င်ဘူးလို့တွေးနေတာလား အခုမင်းကိုယ် ချောက်ချရုံဘဲ နောက်မင်းကိုယ် ကိုယ်ထိလက်ရောက်အန္တာရယ်မပေးဘူးလို့ မင်းပြောနိုင်လား"
"ရိပေါ်ကောက အမြဲဒီလိုအော်နေလို့ ကျွန်တော်ကမပြောပြရဲတာလေ တစ်ခုခုဆို‌ ကျွန်တော်အပြစ်ကြီးလိုပြောနေတာကိုယ် ကျွန်တော်လည်းဘာမှမလုပ်ဘဲ "
"မင်း ! "

My Owne (Complete)Where stories live. Discover now