Part 7

1.5K 45 2
                                    

Part 7

"မနေ့ကတော့ ချီထား‌တုန်းကအကောင်းပါ အခုမှ ဘာလို့ခန္ဓာကိုယ်ကနာလာရတာလည်း ချီးလိုဘဲ"
မနေ့ကကားပေါ်လုပ်တုန်းကလည်း ရှောင်းကျန့်ကိုယ် ရိပေါ်ကထိန်းထားပေးတာ ရှောင်းကျန့်အိပ်ပျော်သွားတော့လည်း ရိပေါ်ဘဲမနိုးမချင်းပွေ့ထားတာကြောင့် ဒိီနေ့တစ်ကယ်လုံးနာကျင်နေတာဖြစ်သင့်ပါတယ်လေ။
"ရိပေါ် နေမကောင်းဘူးလား "
"မနေ့ကခများကိုယ် ချီထားတာလေ တစ်ချိန်လုံးအခုမှအဲ့အရိုန်တွေကတက်တာပေါ့ "
"‌ငါ‌ဘာလုပ်ပေးရမလည်း ဟင်"
"မလိုဘူး ထွက်သွား"
"အဲ့ဆို ငါအောက်ကတစ်ယောက်ယောက်နဲ့ ဆေးပေးလိုက်မယ်သေချာလိမ်းလိုက်"

ထွက်သွားဆိုတာနဲ့ ထွက်သွားသည့်သူက အိပ်ခန်းတံခါးနားတောင်ရောက်လို့နေပြီး ဘယ်အချိန်ထဲကထွက်သွားချင်နေတယ်မသိဘူး ချက်ချင်းကိုယ်လေနဲ့အလျှင်မပြေးရုံထွက်သွားတာ။  သောက်ရူးလိုဘဲ အခုချိန်နည်းနည်းပါးပါး ချွဲကြည့်ပါလား မောင်ဆိုတဲ့တစ်ခွန်းနဲ့တင် ‌ရိပေါ်ကအသက်ပေးဖို့အဆင့်သင့်ကိုယ် အရူးလိုထွက်သွားဆိုတိုင်းထွက်သွားရတယ်လို့။
"ရှောင်းကျန့် ! မသွားနဲ့ နောက်ဆိုကျုပ်သွားခိုင်းလည်းမသွားနဲ့ ကျုပ်ပြောတာနားထောင်စရာမလိုဘူး ကြားလား"
"မင်းဘဲ .."
"မ‌ပြောတဲ့ ! မကြားချင်ဘူး ခများကိုယ်ကျုပ်ဘာပြောပြော စိတ်ထဲကမပါဘူး ကြားလား "
"ဟမ် ? "

ရိပေါ်စကားလုံးတွေက ရှောင်းကျန့်ကိုယ်ပျော်ရွှင်စေတယ်။ အခုဆိုရိပေါ်က အရင်လိုရှောင်းကျန့်အပေါ် မဟုတ်တော့ဘူးမလား။ ရိပေါ်လည်း သူ့လို .. ရှောင်းကျန့်အတွေးနဲ့တင် ပျော်ရွှင်ရတယ် သူ့ဘက်ကသာရိပေါ်ကိုယ် ချစ်နေရတာ ရိပေါ်ဘက်ကသူ့အပေါ်ဘယ်လိုသဘောထားလည်း ရှောင်းကျန့်မှမသိရတာ။ မသေချာသေးတဲ့အဖြေကိုယ် ရှောင်းကျန့်မရှာချင်သေးဘူး အခုလက်ရှိဒီအခြေနေလေးမှာဘဲ သူ့အကောင်းဆုံးနေသွားမယ်။
"ငါတစ်ကယ်နေလို့ရတာလား "
"အင်း "
"ဟီးး ပြီးကော "

ရှောင်းကျန့် ပျော်ရွှင်မူကိုယ်မဖုံးထားနိုင်ဘဲ ရိပေါ်လက်ကိုယ်တွဲကာ ကုတင်ပေါ်သို့တွဲခေါ်သွားသည်။ ရှောင်းကျန့်ဆေးဘူးရှာရန်အထ ရိပေါ်က ရှောင်းကျန့်လက်ကိုယ်ပြန်ဆွဲချလိုက်သည်မို့ ရိပေါ်ရင်ခွင်ထဲ ကွက်တိ၀င်တိုး၀င်မိသား။
"ခများကိုယ် မသွားနဲ့ပြောထားတယ်လေ"
"မင်းနာနေတာပျောက်အောင် ငါဆေးဘူးသွားယူရမယ်လေ"
"မလိုဘူး ! ကျုပ်ဘေးကနေ ဘယ်မှမသွားနဲ့ "
ရှောင်းကျန့်အား သူ့ဘေးမှာလှဲစေပြီး ဖက်ထားမိသည်။ ရင်ခွင်ထဲဖက်ထားသည်ကိုယ်မငြိမ်မနေဘဲ လှုပ်ရှားနေတာကြောင့် ရိပေါ်အနည်းငယ်စိတ်တိုလာရသည်။

My Owne (Complete)Where stories live. Discover now