Part 9
"ကျန့်ကျန့် "
ရှောင်းကျန့် အလုပ်ကစ္စနဲ့အပြင်သွားဖို့ရာ ကားပါကင်၌ ရိုဟန်နဲ့တွေ့သည်။
"ရိုဟန်.. ဘယ်ကနေ ဒီကိုယ်ရောက်လာတာလည်း လမ်းကြုံလို့လား "
"ငါမင်းကိုယ်တွေ့ချင်လို့ "
"ငါဒီမှာရှိမှန်း မင်းကဘယ်လိုသိတာလည်း "
"အမ်.. အာ.. ရှင်းချန်ပြောပြတာ "
"ဒီထိတောင်ရောက်လာတယ်ဆိုတော့ တစ်ခုခုဖြစ်လို့လား ရိုဟန် "
"ကျန့်ကျန့် မင်းအိမ်ထောင်ကျသွားတာ အရမ်းမြန်လွန်းတယ်"
"အမ်.."
"ရှင်းချန်စီက ငါကြားလိုက်ရတုန်းကဆို ငါမယုံနိုင်ခဲ့ဘူး"
"...."
"မင်းအရမ်းပြောင်းလည်းသွားတယ် ကျန့်ကျန့် ဒါပေမဲ့ မင်းကအရင်လို လှတုန်းဘဲ "
"ရိုဟန်..မင်းကိုယ်အမြဲပြောတယ် ငါကယောင်္ကျားလေးလေ လှတယ်ဆိုတဲ့ စကားလုံးကမိန်းကလေးတွေအတွက်ဆို "
လှတယ်ပြောတိုင်းရူက်သွားတက်တဲ့ ရှောင်းကျန့်က ခေါင်းငုံ့ထားတာကြောင့် ကားပါကင်အတွင်း၀င်လာတဲ့ ကားအနက်ရောင်လေးကိုယ်မမြင်လိုက်ပေ။
"ကျန့်ကျန့် ..သူ့မင်းအပေါ်ကောင်းရဲ့လား "
"..."
"သူမင်းအပေါ် ချစ်ရဲ့လား "
"ကျန်တာတော့ ငါမပြောတက်ပင်မဲ့ ရိပေါ်ကငါ့အပေါ်ကောင်းပါတယ်"
"သူ့အဖေကြောင့် မင်းနဲ့လက်ထပ်လိုက်တာလို့ ငါသိထားတယ် ကျန့်ကျန့် "
"အာ..အဲ့တာက .."
"ကျန့်ကျန့် ငါမင်းကိုယ်ကျောင်းတုန်းကတည်းကဖွင့်ပြောထားတာ အဲ့တုန်းကမင်းက ယောင်္ကျားလေးချင်းဆိုတဲ့စကားနဲ့ ငါ့ကိုယ်ငြင်းခဲ့တာ အခုမင်းယောင်္ကျားတစ်ယောက်နဲ့လက်ထပ်ထားပြီးဆိုတော့ ငါ့အတွက်အခွင့်ရေးရနိုင်အုံးမလား ဟမ်"
ပုခုံးနှစ်ဖက်ကိုယ်ဆုတ်ကိုင်ကာ အတိတ်ကကစ္စတွေပြောလာတဲ့ ရိုဟန်ကြောင့် ရှောင်းကျန့်ကြောင်နေမိတယ်။ ကျောင်းတုန်းကသူ့ကိုယ်ဖွင့်ပြောတဲ့ ရိုဟန်အပေါ် ယောင်္ကျားလေးချင်းဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်းကျန့်ငြင်းခဲ့တာ ၊ သူငယ်ချင်းတစ်ယောက်မဆုံးရူံးချင်တာကြောင့် ရိုဟန်သူ့အပေါ်ခံစားချင်တွေမရှိတော့အောင်ပြောခဲ့တာ ၊ အားလုံးအဆင်ပြေပြေနဲ့ သူငယ်ချင်းတွေပြန်ဖြစ်ဖို့မျှော်လင့်ခဲ့တာ ၊
ရိုဟန်သူ့အပေါ်ခံစားချက်တွေမရှိလောက်ဘူးထင်တာထားတာ အခုထိရိုဟန်က ရှောင်းကျန့်အပေါ်ခံစားချက်တွေရှိနေသေးတာလား ၊ ရိုဟန် သူ့အပေါ်ချစ်နေသေးတာကြောင့် ရှောင်းကျန့်စိတ်မကောင်းဖြစ်မိသည်။ သူငယ်ချင်းတစ်ယောက်လို သူ့ဘက်ကအမြဲသဘောထားခဲ့ပင်မဲ့ ရိုဟန်ကတော့ သူ့အပေါ်အဲ့လိုမတွေးလောက်ဘူးထင်ပါရဲ့။
ပုခုံးပေါ်က ရိုဟန်လက်ကိုယ် ဖယ်မည်အလုပ် သူ့ထက်အရင် ဆောင့်ဆွဲကာ ထိုးလိုက်သူက ၀မ်ရိပေါ်ဖြစ်လို့နေသည်။