Part 11
"ရိပေါ် ငါ့ကိုယ်ခေါ်တယ်ဆို အာ..ရှေ့နေကြီးလည်းရောက်နေတာကိုယ်"
"ရှောင်းကျန့်လေး နေကောင်းတယ်မလား "
"ဟုတ် ကောင်းပါတယ်ရှေ့နေကြီး အန်ကယ်၀မ်ရော နေကောင်းရဲ့လား "
"မင်းကတော့လေ မြင်နေရတဲ့ ငါ့ကိုယ်ကျနေကောင်းလားမမေးဘူး ယောခထီးကိုယ်အရင်ဆုံးသတိရတယ်"
"အာ အဲ့လိုမဟုတ်ပါဘူး ရှေ့နေ့ကြီးကမြင်နေရတော့ နေကောင်းတာသိသာစေတယ်လေ အန်ကယ်၀မ်ကျမတွေ့တာကြာလို့ပါ "
"ဟုတ်ပါပြီးကွာ မင်းအန်ကယ်၀မ်က ဒေါင်ဒေါင်မြည်ဘဲ "
"ရှေ့နေ့ကြီးကိုယ်တိုင်ရောက်လာတာ ကစ္စရှိလို့လား "
"ဟုတ်သားဘဲ လာရင်းကစ္စတွေမေ့တော့မလို့ ရော့.."
"ဘာတွေ...""ရှောင်းကျန့် အရင်ဆုံးလက်မှတ်ထိုးလိုက် ပြီးမှကျုပ်ရှင်းပြမယ်"
"ဘာမှန်းမသိဘဲ ငါကဘာလို့ထိုးရမှာလည်း "
"ကျုပ်ကိုယ်မယုံဘူးလား ."
"အဲ့လိုမဟုတ်ပါဘူး "
"အဲ့ဆို စကားမရှည်နဲ့ အရင်ဆုံးလက်မှတ်ထိုးလိုက် "
"ပြီးရော.. ရော့့ ထိုးပြီးပြီး"
"ရှေ့နေ့ကြီး ဒါဆိုပိုင်ဆိုင်မူတွေက ရှောင်းကျန့်နဲ့သတ်ဆိုင်ပြီးမလား"
"အချက်လက်တွေအားလုံးပြင်ဆင်ပြီးသားဆိုတော့ အားလုံးအဆင်ပြေပါပြီး ""ရိပေါ်..!! "
ရှေ့နေကြီးနဲ့ရိပေါ် စကားပြောနေတုန်း စာချုပ်ထဲကအချက်လက်တွေဖတ်ကြည့်ရသလောက်ဆို ရိပေါ်ပိုင်ဆိုင်မူအားလုံးက ရှောင်းကျန့်နဲ့သက်ဆိုင်ကြောင်းဖြစ်တယ်။ company အပါ၀င်တစ်ခြားပိုင်ဆိုင်မူအားလုံး ရိပေါ် ယောင်္ကျားဖြစ်တဲ့ ရှောင်းကျန့်ကရရှိမှာဖြစ်တယ်။
"၀မ်ရိပေါ် ! ဒါဘာသဘောလည်း ! ငါဒါတွေမလိုချင်ဘူး ! "
"ရှောင်းကျန့်လေး ..."
"ရှေ့နေကြီးလည်းအတူတူဘဲ ကျွန်တော်ကိုယ်ညာတယ် ဒါတွေကျွန်တော်မှမလိုချင်တာ မယူဘူး လက်မှတ်ထိုးထားတဲ့ စာရွက်ပြန်ပေး ဖြဲပြစ်မယ်"
"အဲ့လိုမဟုတ်ပါဘူး .. ရိပေါ်က ရှောင်းကျန့်လေးကိုယ်.."
"ရှေ့နေကြီး ကျွန်တော် သူကိုယ်အားလုံးရှင်းပြလိုက်ပါ့မယ် အချက်လက်တွေ ပြင်ဆင်ဖို့နဲ့ ကျွန်တော်ပြောထားတဲ့ကစ္စတွေအတွက် ဒီနေ့တော့ဒီလောက်နဲ့ပြန်လ်ိုက်ပါ "
"ဟုတ်ပါပြီး..""၀မ်ရိပေါ် ! မင်းဒါဘာအချိုးချိုးတာလည်း ! မင်းပိုင်ဆိုင်မူတွေ ငါကဘာလုပ်ရမှာလည်း !! ငါကအဲ့တာတွေမတ်တယ်မင်းကထင်နေတာလား ! "
"ရှောင်းကျန့် ကျုပ်ရှင်းပြတာ နားထောင်အုံး ..ဟောက်ရွှမ်းကစ္စကိုယ် ခများ မှတ်မိတယ်မလား "
"အင်း .."
"အဲ့ကစ္စက ခများ ထင်ထားသလောက်မရိုးရှင်းဘူး ဟောက်ရွှမ်း နောက်အမြဲလိုက်နေတဲ့ကားကလည်း တရုတ်ပြည်ကခွင့်ပြုထားတဲ့ကားမဟုတ်ဘူး နံပါတ်ပြားအတုနဲ့မှတ်ပုံတင်မထားဘူး။ ကျုပ်စိတ်ထဲမရှင်းလို့ စုံးစမ်းခိုင်းကြည့်ရသလောက် အမှောင်ဘက်ခြမ်းကလူတွေနဲ့ပတ်သတ်မူရှိပုံရတယ်"
"မင်းပြောချင်တာ ! "