Part 4

1.6K 56 5
                                    

Part 4

" CEO ကျွန်တော်ဝင်လာခဲ့လို့ရမလားဗျ "
"ဝင်ခဲ့ “
"ဒါဒီနေ့အတွက် လက်မှတ်ထိုးရမဲ့ဖိုင်တွေပါ  ပြီးတော့ အတွင်းရေးမှူးရှောင်းကိုယ် မနက်ထဲက .."
"Shu !!!"
ရှူးဆိုသည့်အသံနှင့်အတူ ကျယ်နေသည့် ကျန်းချန်၏အသံ
အားတိုးရန် ရိပေါ်အချက်ပြမိသည်။ကြောင်တောင်တောင်ကြည့်နေသည့်ကျန်းချန်အား စားပွဲခုံဘက်မျက်စပြစ်ပြတော့မှ သဘောပေါက်
သွားသည့်နှယ် ပါးစပ်အားလက်ဖြင့်အုပ်လိုက်သည်။

"မချစ်ဘူးဆို သောက်ပိုကသိပ်လုပ်တာဘဲ"
"ဘာ ! "
"ဘာမှမဟုတ်ဘူး CEO လက်မှတ်ထိုးရမဲ့စရင်းပြောတာ "
"မင်းနဲ့ငါနှစ်ယောက်တည်းရှိရင် ရင်းရင်းနှီးနှီးပြောလို့ရတယ် "
"မပြောချင်ပါဘူး "
"မင်း ! "
စိတ်ရှိတိုင်းသာဆို ရှိတာနဲ့ကောက်ပေါက်ပြစ်တယ်။ အခုတော့ ကျစ်
"နေစမ်းပါအုံး ၀မ်ရိပေါ် မင်းနဲ့ငါသိလာတာ အန်ကယ်၀မ်မင်းကိုယ် company စလွဲပေးကတည်းက မင်းဘယ်တုန်းကတစ်ခြားလူကိုယ် ဒီလောက်ဂရုစိုက်တက်သွားတာလည်း ပြောတော့မချစ်ဘူးဆို အခုအိပ်နေတာတောင် နိုးမှာစိုးလို့ ငါ့ကိုယ်အသံပိတ်ခိုင်းတယ် မင်းဟာက မချစ်တာကော ဟုတ်လို့လား "
"ငါလည်း စဉ်းစားနေတာ"
"ဘာကိုယ်လည်း ? "

"ငါလည်းအစက ရှောင်းကျန့်ကိုယ် ပါးကြောင့်လက်ထပ်လိုက်ရတယ်ဆိုပင်မဲ့ ပါးစကားကိုယ်ငါအဲ့လောက်ထိနားမထောင်လည်းဖြစ်တာ မင်းသိတာဘဲ "
"အဲ့တော့ ? "
"ကျန်းချန် လူတစ်ယောက်ကိုယ် ဖွက်ထားချင်တယ်ဘယ်သူမှမမြင်အောင် သိမ်းထားချင်တယ် "
"ဟမ် "
"ငါကလွဲရင်တစ်ခြားသူတွေနဲ့အတူရှိနေရင်မကြိုက်ဘူး ၊ တစ်ခြားသူနဲ့ ရယ်မောနေရင် မကြိုက်ဘူး ၊ ငါတစ်ယောက်ထဲကိုယ်ဘဲဂရုစိုက်စေချင်တယ် ၊ တစ်ခြားသူနဲ့ အတူရှိနေတာမြင်ရင် ငါကိုယ်ဂရုမစိုက်တော့မှာ ထားသွားမှာ တွေးမိရုံနဲ့ ဘယ်ဘက်ခြမ်းတစ်နေရာက နာလာရော ၊
အကြောင်းပြချက်မရှိသူ့ကိုယ်ထိတွေ့ချင်တယ် ၊ သူ့ဖြစ်ချင်တာတွေအားလုံးလိုက်လျောပေးချင်တယ် ၊ သူပျော်နေတာဘဲ မြင်ချင်တယ် ..ကျစ် ကုန်ကုန်ပြောရင်ကွာ သူနဲ့ နောက်ဆုံးထွက်သက်ထိအတူရှိနေချင်တယ် ဘာလို့လည်း သိလား ? "
"မင်းမေးတဲ့အဖြေကိုယ်မဖြေခင် အရင်ဆုံးတစ်ခုပြောချင်တယ် ရိပေါ်"
"ဘာလည်း "

My Owne (Complete)Where stories live. Discover now