Part -1

14.7K 204 3
                                    

(Unicode)


အချစ်တွေသာ စစ်မှန်ခဲ့လျှင်

Part -1

'မထိပ်ထားခင်
အသက် (၂၀)နှစ်'

"မမ ကျွန်တော် ခုမှရောက်လာခဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ မောင်နှမ မတွေ့ရတာ သုံးနှစ်ရှိသွားပီနော်။ အခုရောက်နေတဲ့နေရာမှာ အဆင်ပြေတယ်မဟုတ်လား ကျွန်တော်လည်း...... အင်း......... အဆင်ပြေပါတယ်လေ"

ကော့သောင်းမြို့ရဲ့ သုသာန်မှာ အဖြူရောင်အုတ်ဂူတစ်လုံးရှေ့ ရှပ်အနက်ကို ဘောင်းဘီအနက်နဲ့တွဲဝတ်ထားတဲ့ တစ်ကိုယ်လုံးနက်စွေးနေသော အသက်၂၀ ဝန်းကျင် လူငယ်ကောင်လေးတစ်ယောက်ရပ်ကာ တိုးလျသော အသံနဲ့ စကားပြောနေခဲ့သည်။စကားပြောတယ်ဆိုပေမယ့်လည်း တစ်ကိုယ်တည်းကြားရုံဖြင့် ။ထိုသူမှာ ခွန်းဆက်လျှံသာ။

ခွန်းဆက်လျှံ ကော့သောင်းမြို့ကနေပြောင်းတော့ ၉တန်းအောင်ပြီး ဆယ်တန်းမတက်ခင် အချိန်ဖြစ်သည်။ ခွန်းတို့က မောင်နှမနှစ်ယောက်ရှိ၍ ဖေဖေက ကော့သောင်းဇာတိ မေမေကတော့ မြိတ်ဇာတိဖြစ်၏။ ကျောင်းဆရာမဖြစ်တဲ့ မေမေက ကော့သောင်း ကိုတာဝန်ကျချိန် ဖေဖေနဲ့တွေ့ပြီး ဖူးစာစုံခဲ့တာပင်။ ခွန်းဖေဖေက ကော့သောင်းနဲ့ မြိတ်မြို့မှာ ဟိုတယ်နဲ့ ခရီးသွား ကုမ္ပဏီ ဖွင့်ထား၏။ မေမေကတော့ မမကိုမွေးပြီးတည်းက ဆရာမအလုပ်ကထွက်ခါ အိမ်ရှင်မအဖြစ်သာနေနေခဲ့သည်။

"ကိုကို...... ကိုကိုဟုတ်တယ်မလားဟင်"

ခွန်းရဲ့နောက်ဘက်နားဆီမှ အသံကြောင့် စိတ်ရှုပ်ထွေးသွားရ၏။ ဒီအသံပိုင်ရှင်ကို ခွန်းသိတာကြောင့် မဆုံချင်တာမို့ ရှောင်ထွက်လာခဲ့လိုက်သည်။

"ကိုကို ခြည့်ကိုမမှတ်မိဘူးလားဟင်။ ခြည်လေ ကိုကိုဒီမှာနေတုန်းက ကိုကိုတို့ အိမ်ရှေ့က ရွှန်းလက်နေခြည် လေ"

"အင်း"

"ကိုကိုခြည့်ကို မှတ်မိ‌ပြီလားဟင်"

ခွန်းခေါင်းသာညိတ်ပြလိုက်သည်။ ခွန်းကအရင်တည်းက စကားနည်းသူဖြစ်သလို မေမေ တားမြစ်ထားတဲ့ ရှေ့ကကောင်မလေးနဲ့လဲ မပတ်သတ်ချင်ပါ။

အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)Where stories live. Discover now