(Unicode)
Lynn:
အချစ်တွေသာ စစ်မှန်ခဲ့လျှင်Part-21
👉အမှောင်ခန်း မဖတ်တတ်သူများ Facebook မှာသာ ဖတ်ပေးပါနော်❤️
ခြည်အိပ်နေရာမှ တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားရတာကြောင့် အိပ်ရာမှနိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်တော့ ကိုကိုက ဘေးဘက်ကနေ ခေါင်းအောက် လက်ထောက်၍ ခြည့်ကိုပြုံးပြီးကြည့်နေ၏။
"မောနင်း ကိုကို"
"မောနင်း ကလေး...မွ"
"ခြည့်ကို ဘာလို့ ကြည့်နေတာလဲ"
"ချစ်လို့လေ ကိုကို့ကလေးလေးကိုချစ်လို့၊ ကလေးကို ကိုကို ပိုင်ဆိုင်လိုက်ရတာကိုတွေးရင်း ကိုကို အရမ်းပျော်ပြီး ရင်ခုန်နေတာသိလား"
"ခြည်လည်းအရမ်းပျော်တယ် ကိုကို.....၊ ခုဘယ်နှနာရီရှိပြီလဲ မနက်စာစားပြီး ကျွန်းပေါ်တက်ကြမယ်လေ"
"ခုမှ ၈နာရီပဲရှိပါသေးတယ်"
"အင်း ထကြမယ်လေ"
ခြည်ထမယ်လုပ်တော့ စောင်အောက်မှာ ဘာအဝတ်စားမှ မဝတ်ထားတာကြောင့် စောင်ကိုပြန်ဆွဲ၍ကာလိုက်ရသည်။
"ကိုကို ခြည့်ကိုဘာလို့ ညက အင်္ကျီလေးတောင် ပြန်မဝတ်ပေးတာလဲလို့"
"အင်း Morning exercise ကျ အလုပ်မရှုပ်အောင်လေ"
"ဟင် ဘာကြီး.... အွန့်.... ပြွတ်စ်.....
အားးး...... ကိုကို"
ခြည့်စကားကို ဆက်အပြောမခံပဲ ခြည့်နှုတ်ခမ်းကိုနမ်းကာ ဘေးတိုက်အတိုင်း ကိုကို့အရာကို ခြည့်အတွင်းထဲ ဖိသွင်းလာတော့သည်။
"ကိုကို ခုမှ မနက်ကြီးလေ ဟာ့!"
"အင်း...... Morning exercise လေ"
အဲ့လိုနဲ့ ခြည့်မှာ အချိန်အတော်ကြာ morning exercise လုပ်လိုက်ရတော့သည်။
✨✨✨
ခြည်တို့နှစ်ယောက် ကျွန်းတွေကို ၄ရက်လောက် လျှောက်လည်ဖြစ်ကြသည်။ ဒီနေ့ညနေတော့ ကော့သောင်းပြန်ကြမှာဖြစ်သည်။ ခြည်တို့ အခုရောက်နေသောကျွန်းက ဟန်းနီးမွန်းခရီးစဉ်၏ နောက်ဆုံးလည်ဖို့ကျွန်းဖြစ်သည်။ ဒီကျွန်းမှာ ဟိုတယ်တို့ တည်းခိုဆောင်တို့ မရှိပေမယ့် ခရီးသွားအချို့က လာရောက်လည်ပတ်တတ်ကြသည်။ ကျွန်းနားမှာ ရေငုပ်နိုင်သလို ကျွန်းပေါ်တွင် သစ်ပင်များ အုံ့မိုးကာ တော်တော်လေးလှ၏။ ခရီးသွားအချို့က ကျွန်းပေါ်တွင် tentထိုးကာ ညအိပ်ညနေလာလည်တတ်ကြပေမယ့် ခရီးသွားတော်တော်များများကတော့ ဤကျွန်းကို မရောက်ဖြစ်ကြပေ။
YOU ARE READING
အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)
Romanceမျက်နှာချင်းဆိုင်အိမ်က ကိုကိုကို ဘယ်လိုတွေ ပိုးပန်းမလဲ။