(Unicode)
Lynn:
အချစ်တွေသာ စစ်မှန်ခဲ့လျှင်Part-16
👉အမှောင်ခန်းတွေ မဖတ်တတ်လျှင် Facebook မှာသာဖတ်ပေးပါနော်❤️
"ဖေဖေ... သား အကူညီတစ်ခုလောက် တောင်းချင်လို့ပါ"
ခွန်း မနက်နိုးတာနှင့် ဖေဖေ့ဆီဖုန်းဆက်ကာ မရတနာကို ဌာနရွှေ့ပေးဖို့ အကူညီတောင်းရတော့သည်။
"အေး သားပြော"
"မရတနာကို ဌာနပြောင်းပေးလို့ရမလားဖေဖေ"
"ဘာလို့လဲသား ရတနာကတော်ပါတယ်.... အလုပ်လုပ်တာ အဆင်မပြေလို့လား သား"
"မဟုတ်ပါဘူးဖေဖေ... မေမေပြောထားတဲ့ စကားတွေကြောင့် ကလေးက အထင်လွဲနေလို့ပါ"
"ဟေ"
သားဖြစ်သူစကားကြောင့် ဦးဆက်နိုင် အံ့ဩသွားရသည်။ သားက သူနဲ့ပြောတာတောင် သမီးခြည်ခြည်ကို ကလေးလို့သုံးသွားတာ အထစ်ငေါ့မရှိ။ သားဆီက ခုလိုပုံစံမျိုး မတွေ့ဖူးတာမို့ အံ့ဩမိတာတော့အမှန်ပါ။
"ဖေဖေ အဆင်မပြေလို့လား... သူ့ကိုပြောင်းဖို့ အဆင်မပြေရင် သားပြောင်းပါ့မယ်.... မဟုတ်ရင်လဲ အလုပ်ခဏနားထားပြီး ကလေးကျောင်းပြီးတဲ့ထိ သင်တန်းတွေ ထပ်တက်နေလိုက်ပါ့မယ်... ပြီးမှ သား ကော့သောင်းဟိုတယ်ကို သွားလိုက်မယ်ဖေဖေ"
"ဖေဖေဘာမှမပြောရသေးပါဘူးသားရယ်... သားအဆင်မပြေတာကို ဖေဖေက ပြေအောင်လုပ်ပေးရမှာပေါ့.... ဖေဖေဒီနေ့ ဖေဖေ့လက်အောက်မှာ ပြန်လာလုပ်ဖို့ ရတနာ့ကို ခေါ်ပြောလိုက်မယ်... သား.... စိတ်မပူနဲ့တော့"
"ကျေးဇူးပါ ဖေဖေ"
"ရပါတယ်ကွာ သားဖချင်းတွေပဲ... သား breakfast စားပြီးပြီလား"
"မစားရသေးဘူးဖေဖေ ပြီးမှ ကလေးအခန်းမှာ သွားစားမှာ"
"အေးအေး ကောင်းပါပြီကွာ တခါတလေလဲ အိမ်ပြန်လာပါဦးကွ မင်းရဲ့ကလေးနားပဲ ကပ်မနေနဲ့... ဒါပဲငါ့သားရာ"
"အာ ဖေဖေက ဗျာ"
ဖေဖေပြောမှ ဖေဖေ့ရှေ့ ကလေးလို့ သုံးမိတာ သတိထားမိပြီး ရှက်ရတော့သည်။ ဖေဖေနှင့်ဖုန်းပြောပြီးမှ ကလေးဆီ မက်ဆေ့လှမ်းပို့ကာ ရေဝင်ချိုးလိုက်တော့သည်။
YOU ARE READING
အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)
Romanceမျက်နှာချင်းဆိုင်အိမ်က ကိုကိုကို ဘယ်လိုတွေ ပိုးပန်းမလဲ။