Part -10

8.6K 259 13
                                    

(Unicode)

အချစ်တွေသာ စစ်မှန်ခဲ့လျှင်

Part-10

ခြည် ညနေစာ စားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှ ဖေဖေ့ စကားသံတစ်ချို့ ကြားလိုက်ရသည်။

"သားက အဲ့တာဆို မနက် ပြန်တော့မယ်ပေါ့"

"ဟုတ်ကဲ့"

ပြန်ဖြေလာသည့် ကိုကို့အသံကို ကြားလိုက်ရတော့ ရင်ထဲ ဒိတ်ခနဲပင်။ ခြည် ပြန်လှည့်ကာအ‌ေပါ်တက်မယ်‌လုပ်တော့ မေမေကတွေ့သွားတော့၏။

"ခြည်ခြည် လာလေ ဘယ်သွားဦးမလို့လေ"

"ဧည့်သည်ရောက်နေတော့ ခြည်ပြီးမှပဲ စားတော့မယ်မေမေ"

ခြည်ကိုကိုနှင့် မျက်နှာချင်းဆိုင်ရမှာစိုးသောကြောင့် နောက်မှ ဆင်းစားဖို့သာ တွေးလိုက်သည်။

"ဘာဧည့်သည်ရမှာလဲ၊  သားခွန်းလေ၊ လာ တခါတည်းဝင်စား"

"လာ ခြည်လေး ဖေဖေတို့လဲ စားမှာ တခါတည်းစားရအောင်"

"ဟုတ်"

ဖေဖေနဲ့ မေမေက ခေါ်တာကြောင့် မေမေ့ဘေးဝင်ထိုင်ကာ ခြည်ထမင်း ဝင်စားလိုက်သည်၊

"သားခွန်း မင်းညီမလဲ နောက်ရက်ကျ မြိတ်ပြန်တော့မှာ လမ်းကြုံရင် ခြည်ခြည်နဲ့ ရတီ့ကိုလဲ ကြည့်ပေးပါဦးကွယ်"

"ဟုတ်ကဲ့အန်တီ"

ကိုကိုက မေမေတို့နဲ့ ထမင်းစားရင်း‌စကားပြောနေပေမယ့် ခြည်ကတော့ ထမင်းကိုသာ မြန်မြန်ကုန်အောင် ဂရုစိုက် စားနေလိုက်သည်၊

"ခြည်စားလို့ပြီးပြီ၊ အပေါ်တက်ပြီနော်"

ခြည် မေမေတို့ပြန်ပြောတာတောင်မစောင့်တော့ပဲ အိမ်ပေါ်တက်လာခဲ့လိုက်သည်။

"သားခွန်းကို မင်းညီမက မတွေ့တာကြာလို့ စိမ်းနေတယ်ထင်ပါရဲ့ကွယ်"

"ဟုတ်ရပါတယ်အန်တီ"

ခြည်က စိမ်းနေတာမဟုတ်ပဲ မုန်းနေတာလို့တော့ ခြည့်မေမေကို ပြန်မပြောဖြစ်ခဲ့ပါ။

ခြည်အိပ်ယာဝင်ဖို့ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး အဝတ်စားလဲကာ ကုတင်ပေါ်မှာ ဖုန်းသုံးနေစဉ် ကိုကို့ဆီမှ ဖုန်းဝင်လာခဲ့သည်၊ ခြည်မကိုင်ပဲ ထားထားလိုက်တော့ ၄ ၅ခါ ခေါ်ပြီးနောက် မက်ဆေ့တစ်စောင် ဝင်လာ၏၊

အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)Where stories live. Discover now