(Unicode)
အချစ်တွေသာ စစ်မှန်ခဲ့လျှင်
Part-13
ခြည်နှင့် ကိုကို ချစ်သူဖြစ်ပြီးမှ ပထမဆုံးအကြိမ် အပြင်ထွက်တာမို့ ခြည့်မှာ ဘာဝတ်ရမှန်းမသိပေ။ မနက်၆နာရီ ဈေးသွားဖို့ချိန်းထားတာကို ၄နာရီခွဲတည်းကထကာ အဝတ်ရွေးနေမိသည်။ ခြည်အဝတ်စားရွေးနေစဉ် ကိုကို့ဆီမှ မက်ဆေ့ဝင်လာတာကိုဖတ်ပြီး ပီတိတွေ ဖြာနေရတော့၏။
✉️ Morning ပါ ကိုကို့ရဲ့ ကလေးလေး😘
ကိုကိုက ခြည့်ကို စာလေးတစ်ကြောင်းနဲ့ပင် ပြုံးပျော်အောင် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။ခြည် အဝါရောင် ဒူးကျဂါဝန်လေးကို ယူကာ အဝတ်စားရွေးခြင်းကို အဆုံးသတ်လိုက်ပြီး မျက်နှာသစ်၍ ကိုယ်လက်သန့်စင်လိုက်သည်။ ခြည်အားလုံးပြင်ဆင်ပီးချိန်ကျ ၆နာရီထိုးဖို့ ၁၅မိနစ်သာလိုတော့သည်မို့ ကိုကို့ကို ဖုန်းလှမ်းဆက်လိုက်တော့သည်။
"တီ..."
"ကိုကို့"
"ဗျာ...."
"ခြည်ပြီးပြီ"
"အင်း ကိုကိုထွက်လာပြီ"
ကိုကိုနှင့် ဖုန်းချပြီးတာနဲ့ ခြည်အပြင်ထွက်လာခဲ့လိုက်သည်။ ခြည်အခန်းပြင်ရောက်တာနှင့် ကိုကိုလဲ ထွက်လာတာဖြစ်သည်။
"မောနင်းကိုကို"
"မောနင်းကလေး၊ကိုကို မောနင်းkissယူလို့ရလား"
ခြည်ရှက်ပေမယ့် ခေါင်းလေးညိတ်လိုက်တော့သည်။
"အဟွန်း၊ပြွတ်စ်"
ကိုကိုက ခြည့်နှုတ်ခမ်းကို တစ်ချက်ဖိနမ်းလာ၏။
"သွားရအောင် ကိုကို"
"အင်း လာ"
ကိုကိုက ခြည့်လက်ကို ကိုင်ဆွဲ၍ လှေကားထစ်တွေကို နင်းဖြတ်ကာ အောက်ထပ်ကို ဆင်းလာကြတော့သည်။ ဆိုင်ကယ်ဆီရောက်တော့ ခြည့်ကို ဆိုင်ကယ်စီးဦးထုပ် ကိုယ်တိုင်ဆောင်းပေးတာမို့ ခြည့်ရင်ထဲမှာ တသိမ့်သိမ့် ကြည်နူးနေမိတေ့ာသည်။ ခြည့်ကို ဆောင်းပေးပြီး ကိုကိုက သူလဲဦးထုပ်ဆောင်းကာ ဆိုင်ကယ်ပေါ်တက်လိုက်ကာ သူ့ခါးကိုဖက်ခိုင်းတော့သည်။
YOU ARE READING
အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)
Romanceမျက်နှာချင်းဆိုင်အိမ်က ကိုကိုကို ဘယ်လိုတွေ ပိုးပန်းမလဲ။