Part -20🚨🚨

22.2K 199 22
                                    

(Unicode)

Lynn:
အချစ်တွေသာ စစ်မှန်ခဲ့လျှင်

Part -20

👉အမှောင်ခန်းတွေကို မဖတ်တတ်ရင် Facebook မှာပဲ ဖတ်ပေးပါနော်❤️

"ကိုကို့ကလေးလေးက လှလိုက်တာကွာ"

နောက်နေ့ မနက်ကျ ခြည့်ကို လာတောင်းကြသည်။ လာကြတဲ့သူတွေထဲ အန်တီခင်ပါပါလာတာကြောင့် ခြည့်မှာ အံ့ဩရပြန်သည်။ လည်ကတုံးလက်ရှည် အဖြူနှင့် မွန်ပုဆိုး အနီကို တွဲဝတ်ထားတဲ့ကိုကိုက ခန့်ပြီး သန့်နေတော့၏။ ကိုယ့်ချစ်သူပေမယ့် ကိုကို့ချောမောမှုမှာ ခြည်အမြဲ ကျရှုံးရတာပင်။ ကိုကိုက ခြည်ဆင်းလာတည်းက ခြည့်ဆီမှ အကြည့်မခွါပေ။ ခြည်ကိုကို့ဘေးကနေရာမှာထိုင်တော့ ခြည့်ဘေးကပ်လာကာ ခြည့်လက်တစ်ဖက်ကို ဆွဲကိုင်ပြီး တိုးတိုးကပ်ပြောလာသည်။

"ကိုကို လူကြီးတွေနဲ့လေ"

ခြည်လက်ကို အတင်းပြန်ဆွဲပေမယ့် ကိုကိုက မလွှတ်ပေးပေ။

"ရပါတယ်ကွာ"

အကဲပိုနေတဲ့ သားဖြစ်သူကို ကြည့်ကာ ဦးဆက်နိုင်က ပြုံးနေပေမယ့် ဒေါ်ခင်ထားကတော့ စိတ်ထဲကနေ ကြည့်မရဖြစ်နေတော့သည်။ သူမဒီပွဲကို မလွှဲလာလို့သာလာရတာဖြစ်ကာ ဘယ်လိုမှ သဘောမတူပေ။

"သမီးတို့က လက်ထပ်ပြီးရင် ဘယ်မှာ နေဖို့စဉ်းစားထားလဲ၊ မြိတ်မှာလား ဒီမှာလား"

ဖေဖေမေးတော့ ခြည်ကိုကို့ကို လှမ်းကြည့်မိသည်။

"ကျွန်တော်တို့ ကော့သောင်းမှာပဲ နေမှာပါ ဖေဖေ"

ကိုယ့်သမီးကို မေးလိုက်ပေမယ့် အကဲပါစွာ သားမက်က ဝင်ဖြေတော့ ဦးနေမင်းနဲ့ ဒေါ်ဝေဝေတို့ ပြုံးနေမိသည်။

"ကျွန်တော့ဘက်ကနေ သားနဲ့သမီးအတွက် ဒီကော့သောင်းက ဟိုတယ်ကို အပြီးပိုင်လွှဲပေးပြီး ဒီက အိမ်ကိုလဲ သားတို့အတွက် လက်ဖွဲ့ပါ့မယ်ဗျာ"

ဦးဆက်နိုင်ကပြောတော့ ဦီးနေမင်းကပါ

"ဒီလိုတော့ ဘယ်ဖြစ်မလဲဗျ ကျွန်တော်လဲ ကျွန်းပေါ်က ဟိုတယ်ကို သမီးတို့နာမည်နဲ့ လွှဲပေးမှာဗျ"

"ဟား ဟား ဟား"

လူကြီးတွေ ရယ်ကုန်ကြသည်။

"ကိုနေမင်းရေ ကျွန်တော်တို့ တွေးထားတဲ့အတိုင်းဖြစ်လာတာ ဝမ်းသာတယ်ဗျာ"

အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)Where stories live. Discover now