Part -5

7.5K 167 4
                                    

(Unicode)


အချစ်တွေသာ စစ်မှန်ခဲ့လျှင်

Part-5

ခြည်ဒီနေ့ ကိုကို့အတွက်ပါ ထမင်းချိုင့်ထည့်လိုက်သည်။ အရင်ဆို ခြည် ကန်တင်းကဝယ်စားပေးမယ့် ခုတော့ ကိုကိုက နေကောင်းကာစမို့ အပြင်စာတွေ မစားစေချင်တာကြောင့် ခြည်ကိုယ်တိုင်ထချက်ကာ ထမင်းချိုင့်ထည့်လာခဲ့ခြင်းသာ။ ကိုကို့ကိုပေးလိုက်လျှင် မယူသွားမှာစိုးတာကြောင့် ခြည်ပဲယူလာခဲ့ကာ ‌ထမင်းစားချိန်ကျမှ ကိုကိုထိုင်နေကျ ကန်တင်းကို ရတီနဲ့ တူတူသွားလိုက်ကြသည်။

"ကိုကို မှာလိုက်ပြီလား ခြည်က ကိုကို နေကောင်းကာစမို့ ထမင်းချိုင့်ထည့်လာပေးတာ အပြင်စာတွေ အဆင်မပြေမှာစိုးလို့လေ"

ခြည်နဲ့ရတီ ကိုကိုတို့ဝိုင်းမှာ ဝင်ထိုင်ရင်းပြောလိုက်သည်။ ကိုကိုက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ တူတူထိုင်နေကာ ခြည်ပြောတော့ ကိုကိုက ဘာမှပြန်မပြောပေ။

"ဟေ့ရောင် ခွန်းဆက် မင်းအသိလား မိတ်ဆက်ပေးဦးလေ ငါတို့နဲ့လဲ"

ကိုကိုက ဘာမှ မပြောတာကြောင့် ခြည်ကပဲ မိတ်ဆက်လိုက်တော့သည်။

"ခြည်တို့က ကော့သောင်းမှာတုန်းက အိမ်နီးချင်းပါ"

"ညီမနာမည်ကရော"

"ရွှန်းလက်နေခြည်ပါ သူကတော့ညီမသူငယ်ချင်း ရတီပါ"

"အော်အင်း သူမိတ်မဆက်ပေးတော့လဲ သူ့ကိုခေါ်သလို အကိုတို့ကိုလဲ ကိုကိုပဲခေါ်ပေါ့နော်"

ကိုကိုသူငယ်ချင်းတစ်ယောက်က ခြည်တို့ကို စနောက်ပြောလာသည်။

"အဲ့လိုခေါ်ရမလားဟင်.... ကိုကိုက ကိုကိုဆိုတော့ ဒီက အကိုတွေကို ကိုကို၁၊ ကိုကို၂ ခေါ်ရမလား"

"သူက သူရ၊ သူကသီဟ"

ခြည့်စကားမဆုံးခင် ကိုကို့အသံထွက်လာတာကြောင့် ရတီက ထရယ်သည်။ ကိုကိုက ခပ်တည်တည်သာ။

"ညီမ ရွှန်းလက်နေခြည်"

"ခြည်ခြည်လို့ ခေါ်လို့ရတယ် ကိုသူရ"

"အင်း ခြည်ခြည်ဘာဟင်းတွေထည့်လာတာလဲ"

ကိုသူရအမေးကြောင့် ခြည် ချိုင့်ဖွင့်ကာ ပြန်ဖြေလိုက်သည်။

အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)Where stories live. Discover now