(Unicode)
အချစ်တွေသာ စစ်မှန်ခဲ့လျှင်
Part-8
ခြည်တို့ဒီနေ့ စာမေးပွဲပြီးပြီဖြစ်သည်။ စာမေးပွဲဖြေပြီး ပြန်လာတည်းက ကိုကို့ဖုန်းကိုခေါ်ပေမယ့် စက်ပိတ်ထားသည်သာ ကြားနေရတာမို့ ခြည်ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့၏။
"စိတ်အေးအေး ထားပါခြည်ခြည်ရယ် မနက်ဖြန်ကျ ကိုသီဟတို့ကို မေးပြီး တစ်ခုခု စဉ်းစားကြတာပေါ့"
"အင်းပါ"
ခြည်အဲ့ညက တစ်ညလုံးအိပ်လို့မပျော်ပါ၊ မနက်လင်းခါနီးမှအိပ်ပျော်သွားတာမို့ ၉နာရီကျော်မှနိုးလာခဲ့သည်၊ မျက်နှာသစ်ပြီး ဝရံတာကို ထွက်ရပ်တော့ တိုက်အောက်တည့်တည့်မှာ ဟိုတခါ ခြည်ဆေးရုံကဆင်းတော့ ယူလာတဲ့ ကိုကို့ကားကိုတွေ့တာကြောင့် ပျော်သွားပြီး ကိုကို့အခန်းဘက်သွားဖို့ ပြင်လိုက်သည်။
"ရတီရေ ကိုကိုရောက်နေပြီ ငါသွားလိုက်ဦးမယ်နော်"
Breakfast စားဖို့ပြင်နေတဲ့ ရတီ့ကိုလှမ်းအော်ကာ ကိုကို့အခန်းဖက်ပြေးထွက်ခဲ့လိုက်သည်။ကိုကိုတံခါးလာဖွင့်မှာကို မစောင့်နိုင်တာကြောင့် ကိုကို့အခန်း password နှိပ်ခါ ဖွင့်ဝင်ခဲ့လိုက်သည်။
✨✨✨✨
ခွန်း ဒီနေ့ တိုက်ခန်းက ပစ္စည်းတချို့ ပြန်လာယူတော့ မေမေပါလိုက်လာခဲ့သည်၊ မေမေက မနေ့ညကမှ ဆရာဝန်ပင့်ကာ ပြထားရသေး၏၊ အကြောင်းကတော့ ခြည် ဒီတိုက်မှာနေတာကိုသိသွားပြီး ခွန်းကို သူသဘောတူတဲ့မိန်းကလေးနဲ့ စေ့စပ်ပေးမယ်ပြောတာကို လက်မခံလို့ပင်၊ မေမေနဲ့ခွန်းစကားအခြေတင်ဖြစ်ကြရင်း မောလာတာကြောင့် ဆရာဝန်ခေါ်လိုက်ရသည်၊ ဖေဖေကလဲ ကော့သောင်းက ဟိုတယ်ကို သွားကြည့်နေတာမို့ ခွန်းရယ် မေမေရယ် အိမ်ကအလုပ်သမားအချို့သာရှိသည်၊ ဆရာဝန်က မေမေ ခဏခဏ အခုလိုဖြစ်နေလျှင် အသက်အန္တရာယ်ပါရှိတာကြောင့် နောက်မဖြစ်စေဖို့ သတိပေးလာသည်။
ခွန်းဒီမှာ ပစ္စည်းတွေလာယူမယ်ဆိုတော့ မေမေက အတင်းလိုက်လာသည်၊ ခွန်းကို အတင်းဖိအားပေးတာမျိုး မကြိုက်ပေမယ့် မအေဆိုတော့လဲ ခွန်းဘက်ကသာ လျော့နေရ၏။
YOU ARE READING
အချစ်တွေသာ စစ်မှန်ခဲ့လျှင် (Completed)
Romanceမျက်နှာချင်းဆိုင်အိမ်က ကိုကိုကို ဘယ်လိုတွေ ပိုးပန်းမလဲ။