အုန်း အုန်းးဒိုင်း ဒိုင်းးးးး
" ဟင် ဘာသံတွေလဲဆော့ဂျင် "
" ဗုံးဖောက်သံနဲ့သေနတ်ပြစ်သံထင်တယ် "
" ဟင် ဟုတ်လား "
" ဒေါက်တာတို့ ဒေါက်တာတို့ "
" ဆရာနမ်ဂျွန်းတို့ နီးလောက်လားဗျာ့အသံတွေက "
" နီးတော့မနီးဘူးဒေါက်တာ...
ဒါပေမယ့် သတိဝရိယနဲ့တော့နေရလိမ့်မယ်ထင်တယ် "" ကျွန်တော်တို့လည်းအသံကြားကြားချင်းပြေးလာခဲ့လိုက်တာ
ဒေါက်တာဆော့ဂျင်တို့ကအခုမှကြုံဖူးတာဆိုတော့ကြောက်နေကြမှာဆိုးလို့ပါ "" ကြောက်တော့မကြောက်ပါဘူးဆရာယွန်းဂီ
မကြုံဖူးတော့နဲနဲတော့လန့်မိကြတာပေါ့ "" ဟိုဆော့ မင်းအဆင်ပြေရဲ့လား "
" အင်း အင်း အဆင်ပြေပါတယ် ရတယ်ဂျီမင်.."
" ဟုတ်ပါရဲ့ဗျာ ဒေါက်တာဟိုဆော့စရောက်တဲ့နေ့ကျမှပဲ ဒေါက်တာတော့လန့်နေမလားမသိဘူးဗျာ "
" ကျွန်တော်အဆင်ပြေပါတယ်ခင်ဗျာ "
" ဒေါက်တာတို့ ဆရာတို့....
ဗိုလ်မှူးကလွှတ်လိုက်လို့ပါကျွန်တော်တို့ကို "" ဪ...ရဲဘော်တွေပါလား "
" ဟုတ်ကဲ့ ဗိုလ်မှူးကအပြင်မထွက်ကြဖို့ပြောခိုင်းလိုက်ပါတယ်
သူကြီးကိုလည်းအကြောင်းကြားထားပြီးပါပြီ "" ဒေါက်တာဆော့ဂျင်အတွက်လည်း ဗိုလ်မှူးကစာပေးခိုင်းလိုက်ပါတယ် "
ဆော့ဂျင် ရဲဘော်တစ်ယောက်ပေးလာသည့်စာရွက်အခေါက်လေးကိုယူလိုက်ကာဖြန့်ဖတ်ကြည့်လိုက်တော့၏။
**
ဒေါက်တာ ကျွန်တော်ဂျွန်ဂျောင်ကုပါ..
အသံတွေကြားလိုက်ရတော့အရမ်းလန့်သွားသေးလား
အပြင်မထွက်ပါနဲ့နော် ရွာထဲလည်းမသွားပါနဲ့...
ဆရာတို့လည်းအနားမှာရှိကြလိမ့်မယ်ထင်ပါတယ်
ကျွန်တော့်ရဲဘော်တွေလည်းစောင့်ရှောက်ပေးပါလိမ့်မယ်
ကျွန်တော်တို့ ဒီဘက်ကနေအခြေအနေကိုစောင့်ကြည့်နေမှာမလို့ ဘာမှတော့စိတ်မပူပါနဲ့နော်
ရဲဘော်တွေက ဒေါက်တာတို့ရဲ့ပတ်ပတ်လည်မှာစောင့်ပေးကြမှာမလို့. အိပ်ပျော်အောင်အိပ်ကြပါဒေါက်တာ
ဒါကစစ်ဖြစ်မယ့်အလားအလာမဟုတ်ပါဘူး
သူတို့ကလှမ်းပြီးလှန့်တဲ့သဘောလောက်ပါပဲ
တကယ်ဖြစ်ချင်ရင်ဒီလိုအနေအထားမဟုတ်ပါဘူး
ကျွန်တော်မနက်ခင်းလာတွေ့လှည့်ပါ့မယ်ဒေါက်တာ...
YOU ARE READING
Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️
Фанфик🌻 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်၏အစားထိုးခံလည်းမဖြစ်ချင်သလို.... ကျွန်တော်တို့နေရာမှာလည်း တစ်စုံတစ်ယောက်ကိုအစားထိုးနေရာပေးလိုက်မှာမျိုးလည်းမလိုလားပါ... ဒါဟာအတ္တဆန်ခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေဟာကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတာမျိုးပဲလိုချင်ခဲ့ကြတာပ...