ရထားတစ်စီးအပေါ်ဝယ်........နောက်ဆုံးတော့ ဂျောင်ဟိုဆော့တစ်ယောက်
သူ၏ချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်အနောက်သို့ လိုက်လာခဲ့ခြင်းဖြစ်တော့သည်။
အိမ်နဲ့အမျိုးမျိုးအတိုက်အခံလုပ်ကာ နောက်ဆုံးဘယ်လိုမှပြောမရ၍ ဆော့ဂျင်၏အဖိုးဖြစ်သူဆေးရုံအုပ်ကြီးကို အကူအညီတောင်းရတော့သည် ။
အဖိုးကတော့ မယုတ်သာမလွန့်သာပဲပြောလာသည် ။ သမ္မတတစ်ယောက်၏သားဖြစ်သူကိုယ်တိုင်ကတောင် သွားရောက်စေတာမို့ ဟိုဆော့ရဲ့မိဘတွေလည်း
သားဖြစ်သူကသူ၏သူငယ်ချင်းတွေကိုသံယောဇဉ်အရမ်းရှိတာလည်းသိတာကြောင့် ခွင့်ပြုပေးလိုက်ကြတော့သည်။
*
*
ဟိုဆော့တစ်ယောက် သူငယ်ချင်းတွေကိုအံ့ဩဝမ်းသာသွားစေချင်တာကြောင့်
ကြိုမပြောဘဲလိုက်လာခဲ့ခြင်းဖြစ်သည်။
သူဒီလိုအကြောင်းမကြားဘဲလိုက်လာခဲ့ခြင်းကလည်း
ဆော့ဂျင်တို့ဆီကကြေးနန်းရတော့ သူတို့ရောက်ကတည်းကဘာသံမှမကြားရသေးဘူး အေးချမ်းတယ်ဟုပြောလို့သာအရဲစွန့်ပြီးလာခဲ့ခြင်းဖြစ်သည်။
ရထားဆိုက်သွားတော့ သူဆင်းလာခဲ့လိုက်သည်။
ဆော့ဂျင်တို့လှမ်းမှာလိုက်တဲ့ဆေးဝါးတွေကို သက်သက်မပို့တော့ဘဲသူနဲ့တစ်ပါတည်းယူလာခဲ့ခြင်းဖြစ်တာကြောင့် အထုပ်တွေနဲ့ကို့ရို့ကားယားဖြစ်ကာ ဒုက္ခနှင့်လှလှတွေ့တော့သည်။" အာ ငါ့နဲ့နော် ဒီလိုပုံစံနဲ့ဘယ်လိုရောက်အောင်တောင်သွားရပါလိမ့် လျှာရှည်မိတာမှားပါရဲ့ "
"ဒီမယ်ခင်ဗျာ့ "
" အမလေး အမေ့ "
ဟိုဆော့တစ်ယောက် အထုပ်တွေဆွဲကာပွစိပွစိရေရွတ်နေရင်း နောက်ကအသံတစ်ခုကြောင့်လန့်ဖျပ်သွားရတော့သည်။
" ဆောရီးပါဗျာ လန့်သွားစေဖို့မရည်ရွယ်ပါဘူး
ကျွန်တော်ကြည့်နေတာ ရထားပေါ်ကဆင်းပြီးဒီထိရောက်လာတဲ့အထိကျွန်တော်နဲ့တူနေလို့
အဲဒါတစ်လမ်းတည်းအတူတူများဖြစ်မလားလို့မေးမလို့ပါ တကယ်လို့တူတယ်ဆိုရင်အဖော်ရတာပေါ့ဗျာ "ထယ်ယောင်းရထားပေါ်ကဆင်းလာပြီးခရီးဆက်တော့
သူ့အရှေ့ကနေအထုပ်ပေါင်းများစွာဖြင့် ကို့ရို့ကားယားဖြစ်နေသည့်သူကို သတိထားမိပါသည် ။
သူကတော့ ကျောပိုးအိတ်တစ်လုံးနဲ့အရပ်အဝတ်အစားဖြင့်သာခရီးနှင်လာခြင်းဖြစ်သည်။
အတော်လှမ်းလာသည်အထိ ထိုသူကသူအရှေ့ခပ်လှမ်းလှမ်းကနေသွားနေတာဖြစ်သည်။
လမ်းကတစ်ဖြောင့်ထဲဖြစ်တာကြောင့်ချိုးကွေ့စရာမရှိပေ။ ထိုကြောင့် သူလည်းအဖော်ရအောင်
ထိုလူ့အနားအမှီလိုက်ကာခေါ်လိုက်တော့
ဘေးဘီကိုသတိရှိပုံမရသည်ထင် လန့်သွားလေသည်။
ဒီလိုခေတ်ခါကြီးမှာ ပတ်ဝန်းကျင်ကိုသတိမရှိဘဲသွားရတယ်လို့ဗျာ.....
သူအကျိုးအကြောင်းပြောပြတော့ သူ့ကိုပြန်မဖြေသေးဘဲ ခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေသည်။ အခုမှ။
YOU ARE READING
Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️
Fanfiction🌻 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်၏အစားထိုးခံလည်းမဖြစ်ချင်သလို.... ကျွန်တော်တို့နေရာမှာလည်း တစ်စုံတစ်ယောက်ကိုအစားထိုးနေရာပေးလိုက်မှာမျိုးလည်းမလိုလားပါ... ဒါဟာအတ္တဆန်ခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေဟာကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတာမျိုးပဲလိုချင်ခဲ့ကြတာပ...