အချိန်အားဖြင့် ညဉ့်ဦးယံကိုကျော်ခါညဉ့်နက်သို့ရောက်ရှိလာခဲ့ပြီ။
သူတို့ဘက်ကရွာတွေမထိခိုက်စေရန်
ရန်သူလာမည့်လမ်းကြောင်းကနေအစွမ်းကုန်ကာရံထားကြသည်။ရန်သူ့ဘက်ဟာ အရင်လိုကျူးကျော်လို့ရမလားဆိုသည့်အတွေးဖြင့်သွေးတိုးလာစမ်းနေကြသည်။
သို့သော်..အခုဒီမှာရောက်နေကြသည့်ဗိုလ်မှူးနှင့်ဗိုလ်ကြီးဟာဘယ်သူတွေမလို့လဲ။ တိုက်ပွဲတိုင်းမှာအရှုံးဆိုတာမရှိခဲ့ဖူးသည့်သူနှစ်ယောက်ဦးဆောင်ပြီးတိုက်နေသည်ဆိုတာ မသိလေရော့သလား။တကယ်ဆို လိုချင်တာငြိမ်းချမ်းရေးဖြစ်သည့်အတွက်ကြောင့် ရန်သူ့ဘက်ကိုရုပ်ဖျက်ပြီးသဲလွန်စရှာခဲ့ပေမယ့် တိုက်ဖို့သာအားသာနေသည့်တစ်ဖက်ကြောင့်
သူမျှော်လင့်ထားတာတွေအချီးအနှီးသာဖြစ်ခဲ့ရသည်။
သူတို့ဘက်ကတိုက်စစ်ဖြင့်စစ်ဆင်လာခဲ့ပေမယ့်
ဒီဘက်မှာသူနှင့်ထယ်ယောင်းဦးဆောင်ထားကာ
ခံစစ်ဖြင့်ဗျူဟာသုံးပြီးတောင့်ခံထားတာကြောင့်
ဘယ်လိုမှရှေ့ဆက်၍တိုးလို့မရဖြစ်နေကြသည်။
*
*
နှစ်ရက်မြောက်သော်......မိုးသောက်ယံ၌ ရန်သူ့တပ်ဟာတဖြည်းဖြည်းနှင့်ဆုတ်ခွါစပြုလာချေပြီ။
အဘယ်ကြောင့်ဆိုသော် ဗိုလ်မှူးဂျွန်တို့ဘက်မှကြိုတင်ပြင်ဆင်ထားခြင်းဖြစ်တာကြောင့်
အသေအပျောက်မရှိဘဲ ဒဏ်ရာအနည်းအများရသူများသာရှိကြသည်။
ရန်သူ့ဘက်မှာတော့အတော်လေးအထိနာနေကြပြီဖြစ်သည် ။" ဂျောင်ကု ဟိုကောင်တွေပြန်ဆုတ်ဖို့လမ်းစပြုနေပြီ
ငါတို့တိုက်စစ်ပြောင်းဆင်ကြမလား "" မဆင်နဲ့ထယ်ယောင်း...
ဒီချိန်ကအခွင့်ကောင်းမဟုတ်သေးဘူး
အခုနေငါတို့အပြတ်တိုက်လိုက်ရင်ဒီ့ထက်ကြီးမားတဲ့စစ်ဖြစ်လာနိုင်ချေရှိတယ်
အခုလည်းငါတို့ဘက်ကအသေအပျောက်မရှိဘဲနိုင်နေတာပဲလေ..."ထယ်ယောင်းကခေါင်းညိတ်ပြလာပြီး......
" အင်း အဲတော့ဘာဆက်လုပ်မယ်စဉ်းစားထားလဲ "
" သူတို့ဆုတ်ရင် ငါတို့လည်းအခြေအနေကြည့်ပြီးပြန်ဆုတ်ကြမယ်
ငါတို့လူတွေကိုတစ်ယောက်တစ်လေမှအဆုံးရှုံးမခံနိုင်ဘူး "
YOU ARE READING
Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️
Fanfiction🌻 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်၏အစားထိုးခံလည်းမဖြစ်ချင်သလို.... ကျွန်တော်တို့နေရာမှာလည်း တစ်စုံတစ်ယောက်ကိုအစားထိုးနေရာပေးလိုက်မှာမျိုးလည်းမလိုလားပါ... ဒါဟာအတ္တဆန်ခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေဟာကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတာမျိုးပဲလိုချင်ခဲ့ကြတာပ...