ဆော့ဂျင် ကိုယ့်နားကိုဖြင့်မယုံနိုင်။
သူဟာ တကယ်ပဲဗိုလ်မှူးဂျွန်၏အချစ်ဦးတဲ့လား....
ဘာလို့များသူ့ကိုစောစောကတည်းကဖွင့်မပြောခဲ့ရတာလဲ။
အခုတော့ဖြင့်သူ့မှာထင်ချင်ရာတွေထင်ပြီးရှောင်ပြေးနေခဲ့မိတော့တာ....." ဘာလို့..ဘာလို့စောစောကတည်းကမပြောပြခဲ့တာလဲ..."
" ကိုယ်တို့လက်ထပ်တဲ့နေ့မှာပဲ
ဖွင့်ပြောပြမယ်လို့ဆုံးဖြတ်ထားခဲ့တာပါ...
အခုတော့ ကိုယ်တွေးထားသလိုမဖြစ်တော့ဘဲ
လွဲသွားခဲ့တယ်လေ..."" ဂျင်...."
ဂျောင်ကု ဆော့ဂျင်ရဲ့အရှေ့မှာ
ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး
အိတ်ကပ်အတွင်းမှ အပြာရောင်ကတီပါဘူးလေးကို
ထုတ်ယူဖွင့်လိုက်ကာ....." ကိုယ့်ကိုလက်ထပ်ပါနော်....
ကိုယ်ဂျင့်ရဲ့ဆိုင်သူရောပိုင်သူပါဖြစ်ပါရစေ..."ဆော့ဂျင် ဂျောင်ကုကိုအလှပဆုံးပြုံးပြလိုက်ပြီး
လက်ကလေးရှေ့သို့ထိုးပေးလိုက်ကာ
ခေါင်းလေးပါညိတ်ပြလိုက်တော့၏။
သူတို့နီးစပ်ဖို့အချိန်တန်ပြီလေ။
ဘယ်လိုအကြောင်းကြောင့်နဲ့မှမခွဲခွါတော့ဘူး။" ကျွန်တော့်နှလုံးသားထဲနေရာအပြည့်ဝင်ယူထားတဲ့ဗိုလ်မှူးဂျွန်ကို ကျွန်တော့်ဘဝထဲကိုလည်းနေရာယူဖို့ခွင့်ပြုလိုက်ပါပြီ..."
ဂျောင်ကုတစ်ယောက် အငိုမျက်လုံးအပြုံးမျက်နှာဖြင့် ဆော့ဂျင်၏လက်သူကြွယ်လေးကို..
စိန်ပွင့်လေးတွေစီခြည်ထားသည့်
လခြမ်းဘေးမှကြယ်ပွင့်ငယ်လေးပါရှိသော
ငွေရောင်လက်စွပ်ကလေးကိုစွပ်ပေးလိုက်တော့သည်။" ကိုယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာရော
ကိုယ့်ဘဝကြီးတစ်ခုလုံးကိုရော
အပိုင်စိုးမိုးထားတဲ့သူလေးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်...
ကိုယ်လေ ဂျင့်ကိုအရမ်းချစ်တာပဲ...."" ကျွန်တော်လည်းခင်ဗျားကိုချစ်တယ်..."
" ဂျင်...."
" ဒီတစ်ခါတော့ကိုယ်ခွင့်မတောင်းတော့ဘူးနော်..."
ဆော့ဂျင် သူဘာပြောတာလဲဆိုပြီးစဉ်းစားနေတုန်းမှာပဲ
သူ့ခါးလေးကိုဆွဲဖက်ခံလိုက်ရပြီး သူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးဟာလည်း ဆွဲငုံသွားခြင်းကိုခံလိုက်ရတော့သည်။
ဆော့ဂျင် သူ့နှုတ်ခမ်းဖူးဖူးလေးကို အပေါ်တစ်လှည့်အောက်တစ်လှည့်ဖြင့် စိတ်ကြိုက်နမ်းရှိုက်ခြင်းကိုခံနေရပြီးနောက် သူအသက်ရှုမဝဖြစ်လာတော့၏။
YOU ARE READING
Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️
Fanfiction🌻 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်၏အစားထိုးခံလည်းမဖြစ်ချင်သလို.... ကျွန်တော်တို့နေရာမှာလည်း တစ်စုံတစ်ယောက်ကိုအစားထိုးနေရာပေးလိုက်မှာမျိုးလည်းမလိုလားပါ... ဒါဟာအတ္တဆန်ခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေဟာကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတာမျိုးပဲလိုချင်ခဲ့ကြတာပ...