🩵🌻 -22

1K 92 36
                                    



ဆော့ဂျင် ဗိုလ်မှူးဂျွန်ကိုထိုင်ကြည့်နေရင်း
ဘယ်ဘက်လက်ကလေးကိုဆုပ်ကိုင်လိုက်ကာ...

" သတိရပါတော့နော်....
ခင်ဗျားနဲ့စကားတွေအများကြီးထိုင်ပြောချင်တယ်လေ...
ကျွန်တော့်ကိုရှုခင်းတွေလိုက်ပြပေးမယ်လို့ကတိပေးထားတယ်မဟုတ်လား မြန်မြန်သတိရလာပါတော့နော်..."

" ဆော့ဂျင်...."

ဆော့ဂျင် မျက်ရည်တွေကိုလက်ခုံနှင့်သုတ်လိုက်ကာ.....

" ဟိုဆော့..."

" အွန်း..."

" သူဘာလို့သတိမရလာသေးတာလဲ.."

" သတိရလာတော့မှာပေါ့...
မေ့ဆေးရှိန်ကြောင့်သတိမရသေးတာလေနော်..."

" သတိရစေချင်နေပြီ..."

" ဒါပေါ့...အိပ်လိုက်ဦး လာ..ငါနဲ့ဂျီမင်နဲ့စောင့်လိုက်မယ်.."

ထိုစဉ်.....

" ဟိုဆော့..."

" အော..ဂျီမင်တောင်လာပြီ...
ဗိုလ်ကြီးထယ်ယောင်းရောပါလာတာလား..."

" ဟုတ်တယ်ခင်ဗျ.."

" ဆော့ဂျင်...ခဏလောက်အိပ်လိုက်ဦးနော် လိမ္မာတယ်."

" သူသတိရလာရင်ဘယ်လိုလုပ်မလဲ..."

" ငါလာနှိုးမယ်လေ...
ဗိုလ်ကြီးထယ်ယောင်းရောအတူတူစောင့်ပေးမှာမလို့
စိတ်မပူနဲ့နော်....
ဟိုဆော့..ဆော့ဂျင်နဲ့အတူတူအိပ်လိုက်ဦး..
ငါနဲ့ဗိုလ်ကြီးထယ်ယောင်းစောင့်လိုက်မယ်..."

" အင်း...အဲဆိုအဲလိုပဲလုပ်လိုက်ကြတာပေါ့.."

" တကယ်လာနှိုးမှာလား..."

" တကယ်လာနှိုးမှာပေါ့..သွားသွား..အိပ်လိုက်ဦးနော်.."

ဟိုဆော့ ဆော့ဂျင်ကိုချော့ခေါ်ထုတ်သွားပြီးနောက်
ဗိုလ်ကြီးထယ်ယောင်းကတော့ထိုင်ခုံမှာထိုင်၍
စောင့်ကြည့်နေ၏။
ဂျီမင်ကတော့လိုအပ်သည့်ဆေးတွေစစ်ဆေးနေလိုက်သည်။

ခဏကြာသော်.....

ထယ်ယောင်း သူ့သူငယ်ချင်းကိုထိုင်ကြည့်နေရင်း
လက်ချောင်းလေးတွေလှုပ်လာတာကိုမြင်လိုက်ရတော့သည်။

" ဂျောင်..ဂျောင်ကု...
ဒေါက်တာဒီကိုလာပါဦး..ဂျောင်ကုသတိရလာပြီ..."

Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️Where stories live. Discover now