ဒီနေ့ဟာ ဆော့ဂျင်၏နားရက်ဖြစ်၍
နှစ်ယောက်စလုံးခြံထဲမှာပဲအနားယူဖြစ်ကြ၏။
ဗိုလ်မှူးဂျွန်ကတော့ ခွင့်ရက်ရှည်ရ၍ခြံအတွင်းပတ်ပတ်လည်မှာစိုက်ပျိုးထားသည့်
ရောင်စုံပန်းခင်းအစုံကိုထပ်မံ၍ဖြည့်စိုက်နေတော့၏။
နေကြာတွေကတော့မပါမဖြစ်ပေါ့.....🌻" မောင်...ဒီမှာကြည့်...
ဒါဘာပန်းလဲဟင်...."နေကြာပွင့်လေးကိုကိုင်ပြီး ဘာပန်းလဲဟုမေးနေတော့ သူလေးဘာတွေထွင်ချင်လို့လဲဆိုတာမသိ။
ချစ်ရသူအလိုတော်အတိုင်းလေးဖြေပေးရမှာပေါ့......" နေကြာပန်းလေးပေါ့ဗျာ..."
" ဒါဆို...ဒါလေးကရော...."
သူ့မျက်နှာလေးကိုအရှေ့သို့ထိုးကာ
မေးလေးကိုင်ပြပြီးမေးလာတော့
ဂျောင်ကုသဘောတကျရယ်မိတော့၏။
ဒီဒေါက်တာလေးကတော့လား။" ဒါလေးကတော့မောင့်အသည်းပန်းလေးပေါ့ဗျာ..."
ဂျောင်ကု ပါးလေးတစ်ဖက်ကိုနစ်ဝင်နေအောင်နမ်းရှိုက်လိုက်ပြီး ပြန်ဖြေပေးလိုက်တော့၏။
" ဗိုလ်မှူးနော်...မေးတာပဲဖြေလေဗျာ...
အသားယူတာမျိုးတွေမလုပ်နဲ့လေ..."" ဟောဗျာ..ဘယ်မှာအသားယူမိလို့လဲခင်ဗျာ...
လူတွေက ပန်းလေးတွေမြင်ရင်
မမွှေးကြူဘဲမနေနိုင်ကြဘူးလေ..ဟုတ်တယ်မလား...
အခုရှေ့မှာမြင်နေရတဲ့ပန်းလေးကိုမမွှေးကြူဘဲဘယ်နေနိုင်ပါ့မလဲနော်....
ဒါတောင်မောင်ကလူဖြစ်နေလို့နော်...
ပျားပိတုန်းလေးတွေသာဆိုရင်
မွှေးကြူရုံနဲ့ဘယ်တင်းတိမ်နိုင်ပါ့မလဲဗျ...
ဝတ်ရည်လေးတွေပါစုပ်ယူစားသုံးသွားတတ်ကြတာနော်
သိရဲ့လားဒေါက်တာလေးရဲ့...."" တော်ပါပြီ......
အဲ့လိုအကြောင်းအရာတွေနဲ့ပတ်သက်ရင်
ကျွန်တော်ကအမြဲတမ်းအရှုံးပေးရတယ်...
ဗိုလ်မှူးဂျွန်ဆိုတဲ့လူက စကားကြွယ်တယ်ဆိုတိုင်း
အရမ်းကိုချည်ပြီးတုပ်တတ်တော့တာ..."" ချစ်ခြင်းမေတ္တာတွေနဲ့ချည်ပြီးတုပ်လိုက်မှတော့...
ဒေါက်တာဆိုတဲ့လူသားလေးလည်း
ခံနိုင်ရည်မရှိတော့ဘဲအရည်ပျော်ကျသွားရတော့တာပေါ့ဗျာ ဟုတ်တယ်မလား..."
YOU ARE READING
Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️
Fanfic🌻 ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်၏အစားထိုးခံလည်းမဖြစ်ချင်သလို.... ကျွန်တော်တို့နေရာမှာလည်း တစ်စုံတစ်ယောက်ကိုအစားထိုးနေရာပေးလိုက်မှာမျိုးလည်းမလိုလားပါ... ဒါဟာအတ္တဆန်ခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေဟာကိုယ့်အတွက်သီးသန့်ဖြစ်တည်နေတာမျိုးပဲလိုချင်ခဲ့ကြတာပ...