🩵🌻-18

895 93 23
                                    



" ဂျောင်ကု ငါစိတ်ချမယ်ကွာ.."

" စိတ်မပူနဲ့ မင်းသာငါပြောသည့်အတိုင်းလုပ်ပါ..
ငါလည်းမင်းကိုစိတ်ချမယ်.."

" အေးပါ.."

ဂျောင်ကု ထယ်ယောင်းကိုမှာစရာရှိတာမှာခဲ့လိုက်ပြီး
ဒေါက်တာ့အနောက်သို့လိုက်သွားတော့သည်။

သူတို့၏ပစ်မှတ်က သူနှင့်ထယ်ယောင်းကိုရည်ရွယ်တာပေမယ့် ဘာမှမဆိုင်သည့်ဒေါက်တာ့ကိုဓားစာခံလုပ်သွားတာ
သူပိုပြီးအသည်းပေါက်မိသည်။
အကုန်ယောကျာ်းတွေချည်းပဲမဟုတ်လား။ ပေါ်တင်စစ်မကြေညာရဲဘဲ အောက်တန်းကျသည့်လုပ်ရပ်ကိုလုပ်သွားလေသည်။

အခုသူစွန့်စားတာက နှစ်ယောက်စလုံးအတွက်အန္တရာယ်များတာသိပေမယ့် ဒေါက်တာကသူတို့လက်ထဲမှာရှိနေတာကြောင့် စစ်ဆင်လိုက်လို့လည်းမဖြစ်ပေ။
ဒေါက်တာဘေးကင်းဖို့ကသာအဓိကဖြစ်၍ သူဘာကိုမှမမှုနိုင်ပေ။
သူ့တို့ဘက်ကဆက်သွယ်လာမည့်အချိန်ကိုလည်း သူမစောင့်နိုင်ပေ။

သူဒေါက်တာ့အကြောင်းသိရပြီးကတည်းက
သူဟာဗိုလ်မှူးတစ်ယောက်ဖြစ်နေ၍တည်ငြိမ်ပြီးဖြေရှင်းနေရပေမယ့်လည်း သူ့ရင်ထဲဗလောင်ဆူနေတာသူသာလျင်သိသည်။
သူ့အပြစ်တွေပါ။သူသာကျောင်းသို့သွားခဲ့လျင်။
သူသာစိတ်လိုက်မာန်ပါမဆုံးဖြတ်မိခဲ့လိုက်လျင်။
ဒေါက်တာအခုလိုဖြစ်လိမ့်မည်မဟုတ်ပေ။
အားလုံးကသူ့အပြစ်တွေချည်းပါပဲ။သူပေါ့လျော့မိလိုက်လို့
ဒေါက်တာအခုလိုမဖြစ်သင့်ဘဲဖြစ်သွားခဲ့ရတာ။
အခုနေ ဒေါက်တာဘယ်လိုများရှိနေလိုက်မလဲ။
အရမ်းများကြောက်ရွံ့နေမလား?
ဒါမှမဟုတ် ဒေါက်တာ့၏ပင်ကိုဗီဇလေးအရ
ခေါင်းများမာနေလိုက်လေမလား?
သူတို့ဒေါက်တာ့ကို တစ်ခုခုမလုပ်တန်ကောင်းပါရဲ့
မဟုတ်လျင် မြောက်ခြမ်းတစ်ခြမ်းလုံးကိုသူအကုန်တစ်စစီလုပ်ပစ်တော့မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆော့ဂျင် သတိလည်လာတော့
သူအကျဉ်းချခံထားရတာဖြစ်သည်။
လမ်းမှာဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတွေပြန်စဉ်းစားမိတော့ သူ့မေ့ကြောအနှိပ်ခံလိုက်ရပြီးသတိလစ်သွားခဲ့သည်။

Love begets Love 🌻 {တစ်ဦးမေတ္တာတစ်ဦးမှာ}Complete ☑️Where stories live. Discover now